တရုပ်နှစ်သစ်ကူး

ရေးထားပြီးသမျှစာတွေထဲကနေ တရုပ်စာလုံးတွေလိုက်ရွေးရင် အတော်ကိုများတယ်။ နိုင်ငံရေးတွေ။

သူငယ်ချင်းတွေထဲမှာ တရုပ်သွေးပါသူတွေလည်း ရှိတယ်။ ဆေးကျောင်းမှာဆိုရင် ခုံနံပါတ်ချင်းကပ်ရက်က တယောက်။

နယူးဒေလီမှာ ယမုန်နာဆေးခန်းဖွင့်တော့ အလှူငွေလှမ်းပို့သူတယောက်ကလည်း မြန်မာပြည်သား ယူအက်စ်အေမှာနေထိုင်သူ တရုပ်။ ကျေးဇူး။

သူ့အရင် စင်္ကာပူမှာနေတဲ့ မြန်မာ-ရှမ်း-တရုပ်အမျိုးသမီးကြီးက လှူတယ်။ ကျေးဇူး။

ဆေးခန်းကို လှူသူတွေထဲမှာ မြန်မာပြည်ကနေ ဒေလီမှာ စီးပွားရေးလာလုပ်နေသူ တရုပ်တဦးလည်းပါတယ်။ ကျေးဇူး။

နယူးဒေလီမှာဘဲ တရုပ်သံအရာရှိတယောက်က နှစ်သစ်ကူးပြက္ခဒိန်လာပေးတယ်။ ကျွန်တော့ရုံးခန်းမှာ ချိတ်ထားတယ်။ တိဘက်ကလည်းပေးလို့ ယှဉ်ပြီးချိတ်ထားတယ်။

၂၀၁၈ ခုနှစ် မြန်မာပြည်အလည်ပြန်တော့ လေဆိပ်ထိ လာကြိုသူတွေထဲမှာ ဖရင်းတယောက်က တရုပ်။ စားစရာတွေ မကြာခဏ လှမ်းပို့သေးတယ်။ ကျေးဇူး။ ကျေးဇူး။ 

မုံရွာမှာ ညစာကျွေးသူတွေထဲမှာလည်း တယောက်က တရုပ်။

ကျွန်တော်က ၁၉၆၇ တရုပ်အရေးအခင်းမှာ ထိန်းသိမ်းခံရဘူးတယ်။ မွေးဇာတိရွာမှာတော့ တရုပ်နဲ့မှား အဖမ်းခံရတာတဲ့။ ကျွန်တော်အညာသားက အသားနည်းနည်းလတ်တယ်။

ဒီရောက်တော့လည်း ဒေသခံလူမျိုးတွေက တရုပ်လား အမေးခံရတတ်တယ်။ အဲလိုဘဲ မိတ်ဆွေတွေ အသိတွေထဲမှာ တရုပ်သွေးပါနေသူတွေ ကိုယ်ကအဖြစ်မှန် မသိတာလည်း ရှိမယ်။

ငယ်ငယ်လေးကတော့ တရုပ်နှစ်သစ်ကူးနေ့တွေမှာ အီကွေးမုံ့စားရတာ အမှတ်ရတယ်။ ကျွန်တော်က ချိုချို အိအိ အလွယ်စားရတာမျိုး ကြိုက်တယ်။ မန္တလေးလမုံ့လို၊ ထိုးမုံ့လို။ အိန္ဒိ မလိုင်လုံးလို၊ ရွာသစ်ကြီးက နွားနို့ယို။

အားလုံး နေကောင်းကြပါစေ။

ဒေါက်တာတင့်ဆွေ


Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Water poisoning ရေအဆိပ်သင့်ခြင်း

Colorectal cancer အူမကြီး ကင်ဆာ