ရည်းစားက

ရည်းစားကရှိပါတယ်။ ငါတော့မဟုတ်ဘူးလို့ ရေးတင်ထားတာတခု ဖတ်ရတယ်။ အပျော်အပျက်ရေးတာ ဖြစ်ပါမယ်။ (က) ဝိဘတ်ကို ထောက်ပြချင်တယ်။

က = ကတ္တားဝိဘတ် + ထွက်ခွါရာပြဝိဘတ် + အချိန်ပြဝိဘတ် + နေရာပြဝိဘတ်

- မောင်လှက ရိုက်သည်။

- ရန်ကုန်က လာသည်။

- မနက်က မုံ့ဟင်းခါး စားခဲ့သည်။

- မြက်ခင်းက စိုနေသည်။

သူ့မှာ ရည်းစားရှိတယ်။ ငါတော့ မဟုတ်ဘူး။ ရည်းစားရှိပါတယ်လို့ ရေးရင် ရှင်းတယ်။

- ရည်းစားက ကော်ဖီတိုက်တယ်။

- ရည်းစားက ရန်ကုန်ကလာတာ။

- ရည်းစားက တယောက်တည်းပါ။

- ရည်းစားတော့ ရှိတယ်။

- ရည်းစားလည်း ရှိတယ်။

အခုခေတ် (ရ) နဲ့ (က) လွဲရေးနေသလိုဆိုရင် ရည်းစားရရှိပါတယ်။ ပါဆယ်နဲ့ပို့လိုက်တာလို့ ထင်စေနိုင်တယ်။

ဒေါက်တာတင့်ဆွေ


Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Water poisoning ရေအဆိပ်သင့်ခြင်း

Colorectal cancer အူမကြီး ကင်ဆာ