မောင်သာရ၏ စာစုစာရင်း



ရှင်ဘုရင်နှင့် ညားရင် မိဖုရား 

ရှင်ဘုရင်နဲ့ ညားရင် မိဖုရား (မောင်သာရ) အမည်နဲ့ စာအုပ်သစ် ထွက်သတဲ့။ မောင်သာရ စာအုပ်တွေမှာ တ သတ်ပုံကို မှားအောင်ပြင်ထားရင် မောင်သာရရေးတာ မဟုတ်။ (မောင်သာတစ်) ရေးတာ ဖြစ်ပါတယ်။
မောင်သာရ၏ စာစုစာရင်း (အက္ခရာစဉ်အလိုက်)
1. ကတ္တီပါဖိနပ်စီး ရွှေထီးဆောင်း (၁၉၆၉၊ ၁၉၇၀၊ ၁၉၈၃၊ ၁၉၊ ၁၉၉၂၊ ၂၀၁၈)
2. ကျဉ်တုတ်ခံဝံ့ မခံဝံ့ (၁၉၇၁၊ ၂၀၁၅)
3. ကျောက်စရစ်တောမာခေါင်ခေါင်မှာ အတောင်ကျွတ်သောကြိုးကြာ ရေရှာ၍မရသကဲ့သို့ (၁၉၈၅)
4. ကြာဖက်က လကို တက်မပြိုင် (၁၉၇၄)
5. ကြောက်ရခြင်းမှ ကင်းလွတ်ရပါလို၏ (၁၉၈၅)
6. ကြောင်ကိုဘယ်သူခြူဆွဲပေးမလဲ (၁၉၇၇၊ ၂၀၁၇)
7. ကောင်းပြီဆိုရင် ခံရပြီသာမှတ် (၁၉၈၄)
8. ချစ်သူကနေ့ ကိုယ်ကည (၁၉၆၃၊ ၁၉၇၀၊ ၁၉၇၃)
9. ခါးတကယ်မတို့ခင်က ယားတယ်လို့တွန့် (၁၉၇၄၊ ၁၉၇၇)
10. ဂူတဂူထဲ ခြင်္သေ့နှစ်ကောင် (၁၉၇၆၊ ၂၀၁၉)
11. ငရုတ်မှန်လျှင် စပ်ရလိမ့်မည် (မစန္ဒာ၏ မစပ်သောငရုတ်နှင့် ပူးတွဲ - ၁၉၈၂)
12. ငြိမ်သက်ခြင်းနှင့် မကြုံကြိုက်လို (၁၉၈၀)
13. ငြိမ်သက်ခြင်းနှင့် မကြုံကြိုက်လို (ဇာတ်သိမ်း - ၁၉၈၀)
14. စီးပလေစေ မောင်မသုတ်နဲ့ (၁၉၇၁၊ ၁၉၇၆၊ ၁၉၇၈)
15. ဇီးကွက်ရုပ် အသည်းနှလုံး (၁၉၈၀)
16. ညှာရွှေတခက် ကြွေရက်စော (ဝတ္ထုရှည်တပုဒ်တည်း - ၁၉၆၀၊ ၁၉၉၆)
17. ညီအကို မသိတသိ (၁၉၆၉)
18. တမ်းတသ သူ တရှုမော ၄ ပုဒ် (၁၉၇၂)
19. တယောက်မျက်နှာ တယောက်ကြည့်ကာ (၁၉၆၆၊ ၁၉၆၉၊ ၁၉၇၄)
20. တို့ဘက်ကကြည့်တော့ သူရဲကောင်း၊ သူတို့ဘက်ကကြည့်တော့ သစ္စာဖောက် (၁၉၈၃)
21. တောင်ကိုတွေ့လျှင် ဥမင်ဆက်မည် မြစ်ကိုတွေ့လျှင် တံတားဆက်မည် (၁၉၆၃)
22. တောလယ် မောတယ် အပြောကြွယ် (၁၉၇၃ တွင် ရေးသားခဲ့ပြီး ထုတ်ဝေဖြန့်ချိခွင့်မရခဲ့သော စာအုပ်)
23. ထမီကျွတ်၍ လွှတ်လိုက်မည် (၁၉၆၅၊ ၁၉၆၉၊ ၁၉၇၁၊ ၁၉၇၃၊ ၂၀၁၈)
24. နက်ဖြန်မှဖြစ်မှာ လာမပြောနဲ့ (၁၉၈၀)
25. နေသင့် ရေလင့် ကြွေပွင့် ကြာ (၁၉၅၉)
26. နောက်ဆုံးကျတော့ ကျော်ဟိန်းက ကျော်ဟိန်းပါပဲ
27. ပြန်မပြောရင် ပြောချင်တယ် (၁၉၇၀၊ ၁၉၇၃၊ ၁၉၇၆)
28. ပြားတဲ့ဖားကပြား ဖောင်းတဲ့ဖားကဖောင်း (၁၉၆၈)
29. ပြီးတော့ လူပါယူသည် (၁၉၆၉၊ ၁၉၇၀)
30. ပြုံးတတ်တယ် ခေါင်းညိတ်တတ်တယ် (၁၉၈၃)
31. ပြေးနေတဲ့လူရဲ့မျက်နှာ မိုးလေပိုအပက်ခံရမှာ (၁၉၉၆)
32. ပြောပြန်ရင်လဲ မောင်သာရလွန်ရာကျမယ် (၁၉၇၉)
33. ပုခုံးပါးဝယ် ထိလုပြီ (၁၉၆၀)
34. ပုဇွန်တောင် ကြည့်မြင့်တိုင်သူနဲ့ မန္တလေးမြို့တော်သူ (၁၉၈၃)
35. ဖြေသာ ကြေလာ နှင့်နှင့်စေ
36. ဘယ်ကလာလဲ မောင်ရေခဲ ဘယ်လိုသွားမလဲ မရွှေဖဲ (ပ+ဒု တွဲ - ၁၉၈၇)
37. ဘိုကေတထောင်မှာ တယောက်လောက်တော့
38. မကူးသောငါး မနားသောငှက် (၁၉၆၉၊ ၁၉၇၁၊ ၁၉၇၄)
39. မချစ်ပြန်ရင်လဲ အားနာစရာ (၁၉၈၀)
40. မငိုရဘူး မရယ်ရဘူး (၁၉၇၇)
41. မတ်တတ်ရပ်လို့ လမ်းမှာငို (၁၉၆၉၊ ၁၉၇၀၊ ၁၉၇၀၊ ၁၉၇၁၊ ၂၀၁၇)
42. မနိုင်၍ သည်းခံရခြင်းသည် လည်းကောင်း (၁၉၈၄)
43. မနုတ်လောက်တော့ တဆယ်ချေး (၁၉၇၉)
44. မျိုးမမပကာသနီ (၁၉၅၉၊ ၁၉၅၉၊ ၁၉၆၅၊ ၁၉၇၄)
45. မြည်းတကောင်နှင့် သားအဖနှစ်ယောက် (၁၉၆၆၊ ၁၉၇၀)
46. မြို့မေတ္တာခံယူမယ့် သားပါဗျ (ပတွဲ - ၁၉၈၆)
47. မိန်းမရှားသလား ဟုတ်စ (၁၉၈၅)
48. မိန်းမအလိမ္မာယ် ဆရာမောင်သာရ (ပ+ဒုတွဲ - ၁၉၈၇)
49. မုန့်လုံးစက္ကူကပ် ဇာတ်လမ်း (၁၉၈၅)
50. မောင် သူက ဘယ်သူလဲဟင် (၁၉၈၃)
51. မောင်သာရ ၏ ဝတ္ထုတ်ိုပေါင်းချုပ်များ
52. မောင်သာရ၏မောင်သာရ (ဦးဝင်းငြိမ်းနှင့် တွေ့ဆုံဆွေးနွေးချက်များစာအုပ် - ၂၀၁၂)
53. မောင်သိန်းလွင်၏ မစန်းစန်းဝင့် (၁၉၆၃၊ ၁၉၆၅၊ ၁၉၈၀)
54. မောမြေမြင့်မှ နန်းနွမ်းခမ်းသို့ (စာအုပ်ထုတ်ဝေရေးလောကနှင့် ပတ်သတ်၍ တင်ပြချက်စာအုပ် - ၁၉၆၅)
55. ယုန်နှင့်အတူပြေး ခွေးနဲ့အတူလိုက် (၁၉၇၅၊ ၁၉၇၆)
56. ရင်ခုန်သံနည်းနည်းမြန်သည် (ဒုတွဲ - ၁၉၇၃)
57. ရင်ခုန်သံနည်းနည်းမြန်သည် (ပတွဲ - ၁၉၇၂) 
58. ရွှေစော်နံရင် ပြန်လိုက်ဦး (၁၉၆၉၊ ၁၉၇၁၊ ၁၉၇၄)
59. ရွာငယ်ဇနပုဒ် မီးလေးမှိတ်တုတ် (မိုးမိုးအင်းလျား၏ ပန်းရိုင်းတရာနှင့် ပူးတွဲ - ၁၉၈၁)
60. ရှင်ဘုရင်နှင့် ညားရင် မိဖုရား (၁၉၇၆၊ ၁၉၈၈၊ ၂၀၁၈)
61. ရေးတတ်ရင် ဝတ္ထုဖြစ်တယ် (၁၉၉၀)
62. လက်ညိုးညွှန်ရာ လိုရာဖြစ်စေ (၁၉၈၅)
63. လမ်း၌တွေ့ခဲ့သော သစ်ပင်တပင် (၁၉၆၃၊ ၁၉၇၁)
64. လွမ်းပွင့်ကြွေ့ကြွေ့ တဖွေ့ဖွေ့ (၁၉၅၈)
65. လှချင်သမျှ လှခဲ့ကြစမ်း (၁၉၇၁)
66. လှမျက်ခြယ် ရာ့သက်ဝယ် ဘယ်မမုန်းနိုင်ဘု (၁၉၈၂)
67. လှသည်၊ လွယ်သည်၊ သို့သော်လည်သည် (၁၉၆၃၊ ၁၉၆၃၊ ၁၉၇၁)
68. လူထဲက ဝတ္ထု ဝတ္ထုထဲက လူ (သူ၏ စာပေအယူအဆကို တင်ပြသော ဟောပြောချက်စာအုပ် - ၁၉၇၀)
69. လေတိုက်လို့ သစ်ပင်လှုပ်တာ သစ်ပင်လှုပ်လို့ လေတိုက်နာ (၁၉၈၄)
70. ဝက်လူးကျေးရွာသွား တောလား (ရင်ခုန်သံနည်းနည်းမြန်သည် ပ+ဒု တွဲပေါင်း - ၁၉၈၄)
71. ဝဋ်လိုက်တတ်တယ် မောင်မောင်သတိထား (၁၉၇၄)
72. သည်းညှာနု မခိုင့်တခိုင် 
73. သီရိမဟာ ခင်မာအေး မဂ္ဂဇင်း ဝတ္ထုရှည်
74. သုမနကျောမှာ ဒဏ်ရာတွေနဲ့ (၁၉၈၀) 
75. သူ့ကအရင်ကတယောက်၊ သူကတယောက် (၁၉၇၀၊ ၁၉၇၃)
76. အချစ်သည် အိမ်မှာမနေတာကြာပြီ (၁၉၈၇)
77. အထက်တဝက် အောက်တဝက် (၁၉၇၀၊ ၁၉၇၂)
78. အမေကငယ်သေးတယ်တဲ့ရှင် (၁၉၇၂၊ ၁၉၇၅)
79. အရုပ် အရောင် အရိပ် (၁၉၆၆)
80. အရုပ်မျက်နှာ ပန်းမျက်နှာ (၁၉၇၀၊ ၁၉၇၃)
81. အသည်းညွန့်မှာ ကွန့်မြူးသည့် လိပ်ပြာ (၂၀၁၃)
82. အသည်းညွန့်မှာ ကွန့်မြူးသည့်လိပ်ပြာ (၁၉၇၀)
83. အသနက်မ အောင်လံကြီးထူ (၁၉၇၁)
84. အိပ်ကောင်းခြင်းလည်းမအိပ်ရ (နုနုရည် အင်းဝ ၏ တက်ကျိုးတော့ လက်ထိုးလှော်မယ်နှင့် ပူးတွဲ - ၁၉၈၅)

မြန်မာစာသတ်ပုံတွေက ရှင်ဘုရင်နဲ့ညားပြီး တတွေက တစ်ဖြစ်ကုန်တယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ