မကောင်းသူ့ထိပ် ကောင်းသူ့ထိပ်

စောစောက ရေဒီယိုတခုက မေးစရာတခုမေးလို့ ဖြေပါတယ်။ ရုပ် + အသံ။ အရွယ်ကောင်းစဉ်ကပုံမျိုးနဲ့ တွဲတင်တာထက် သဘောကျတယ်။ အမေးအဖြေပြီးတော့ ဆရာ(ကြီး) သတ်ပုံတွေရေးတာလည်း သဘောကျတယ်တဲ့။ ကျေးဇူး။ အဲဒီရေဒီယို ဝက်ဆိုက်က မြန်မာစာ မှန်တာများတယ်။ အကုန်တော့ မမှန်ပါ။

အမှန် အမှား ဘယ်ပေါ်မှာ မူတည်ပါသလဲ။

- တပည့်မကောင်း ဆရာ့ခေါင်း

- သားသမီးမကောင်း မိဘခေါင်း။

- သတ်ပုံမကောင်း (မြန်မာစာအဖွဲ့ခေါင်း + စာရိုက်သူတွေခေါင်း + စာဖတ်သူတွေခေါင်း + စာအုပ်ပြန်ထုတ်သူတွေခေါင်း + သတ်ပုံမှားစာအုပ်တွေ ဝယ်ယူအားပေးသူတွေခေါင်း + ကျွန်တော့ခေါင်း။)

ငယ်ငယ်က ကလေးတွေကစားကြတယ်။ မကောင်းသူ့ထိပ် ကောင်းသူ့ထိပ်၊ ကျချင်သူ့ခေါင်းပေါ်ကျရော တခုခုကို အပေါ်မြှောက်ပစ်ကြတယ်။

ဒေါက်တာတင့်ဆွေ


Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Water poisoning ရေအဆိပ်သင့်ခြင်း