အသူရာ နှင့် အသူတရာ

အသူ = လူတယောက် မတ်တတ်ရပ်နေပြီး လက်ကို အထက်ဆန့်မြှောက်ထားစဉ် ခြေဖဝါးမှ အထက်ဆုံး လက်ထိပ်ဖျားအထိ အမြင့်အတိုင်းအတာ။ အသူတရာဆိုတာ အဲဒီအတိုင်းအတာ အဆတရာ။

အသူရာ = နတ်တွေလို ဘုံသီးခြားမရှိချေ၊ ၎င်းတို့နေသောအရပ်ကိုသာ အသူရကာယ်ဘုံဟု ခေါ်ကြသည်။ ပြိတ္တာမျိုးပင်ဖြစ်သည်။ တောတောင်၊ သမုဒ္ဒရာ၊ မြစ်ကမ်း၊ သုဿန်များတွင် နေတတ်၍ အလွန်ဆာလောင် မွတ်သိပ်ကြသည်။ 

ကသစ်ပန်းသီချင်း (မြို့မငြိမ်း)

နတ်စည်ငယ်လေ၊ ပုဇွန့်လက်ရိုး အာလမ္ဗရာ၊ ကျော်ဝန်းသံဝါ ဆော်ရွမ်းညံစာစာ၊ တိမ်ယံအာကာ နီလာပြင်ဆိုင်း သင်တိုင်းခြုံလွှာ၊ အုံ့မှိုင်းညိုပြာ၊ မိုးထက်ကဲဝဠာ ကိုးချက်နယ်မှာ၊ တိမ်ခိုးယှက် မိုးသက်လေးတွေဖြာ

ဝေဆာ သခွပ်ဖြူပင်မင်း ငွေအဆင်း ပွင့်ချိန်မှာ အသူရာ ဒေါသထွက်လို့ မြင်းမိုရ်ထက်သို့ တက်လို့ စစ်ဖက်တဲ့ခါ အုံ့ခါလေတဖွဲဖွဲ ရွာလေတသည်းသည်း

လွဲခဲ့ကြရရှာ နတ်တို့ နတ်ရွာဝတိံသာ အသူရိန်တွေဟာ ဘုံသာဝေယံနန်းမြင့် ကသစ်ပန်းပွင့် ရတုဖြာ သဘင်ပွဲပြုကာ

အို သခွပ်ဖြူစွာ အပွင့်ကိုသာ မြင်တော့မှ ဝတိံတွင် မဟုတ်ပါလား ဟရို့ရဲ့ သေနင်ဗျူဟာ နတ်အသူရာ မင်းငယ်လေ စစ်ခင်းလုမယ်လာ ရှေးရှု ဝတိံသာ

ဝေဆာ သခွပ်ဖြူပင်မင်း ငွေအဆင်း ပွင့်ချိန်မှာ အသူရာ ဒေါသထွက်လို့ မြင်းမိုရ်ထက်သို့ တက်လို့ စစ်ဖက်တဲ့ခါ အုံ့ခါလေတဖွဲဖွဲ ရွာလေတသည်းသည်း

အာလိန်ငါးဆင့် နဂါးနဲ့ဂဠုန် အရံ ဂုမ္ဘာန်ယက္ခ စတုမဟာရာဇာ မခံနိုင်ငြားလို့ သိကြားထွက်တဲ့အခါ တွက်ရေ သိန်း ခြောက်သောင်း ရှစ်ထောင့် ယုဇနာ ဝရဇိန်လွှတ်ခါ မြင်းမိုရ်ကိုပင် သူခွင်းချင် ထွင်းလို့ဖောက်နိုင်တာ နတ်မြင်း တထောင်ကတဲ့ ရထားဝေဇယန္တာ ရန်ဖန်မာန်တင်းတာက ဆင်တော်သုမိတ္တာ ရဲတံခွန်လွှား သုံးဆယ့်သုံးပါး သိကြားငယ်ပါ နေလနတ်သား လေးပါးစစ်အင်္ဂါ ပင်လုံးကျွတ် သခွပ်ပွင့်ချိန်ခါ

ဝေဆာ သခွပ်ဖြူပင်မင်း ငွေအဆင်း ပွင့်ချိန်မှာ အသူရာ ဒေါသထွက်လို့ မြင်းမိုရ်ထက်သို့ တက်လို့ စစ်ဖက်တဲ့ခါ အုံ့ခါလေတဖွဲဖွဲ ရွာလေတသည်းသည်း

နှစ်တိုင်းပဲ သခွပ်ပွင့်ချိန်မှာ သိကြားနဲ့ အသူရာ သမက်နဲ့ယောက္ခမ ဘောက်ကျလို့လဲ အားမရနိင်ရှာ ဒါကို အားမကျဖို့ မယားအလှ တောင်းပန်မှာ ယောက္ခမဆိုတာ တည့်အောင်ပေါင်း ကျောင်းကိုထုတ် ဥပုသ်ရက်ရှည် စောင့်ခိုင်းမှာ

ဝေဆာ သခွပ်ဖြူပင်မင်း ငွေအဆင်း ပွင့်ချိန်မှာ အသူရာ ဒေါသထွက်လို့ မြင်းမိုရ်ထက်သို့ တက်လို့ စစ်ဖက်တဲ့ခါ အုံ့ခါလေတဖွဲဖွဲ ရွာလေတသည်းသည်း

ကိုအံ့ကြီး https://www.youtube.com/watch?v=s21v6dfQ_Os

မာမာအေး https://www.youtube.com/watch?v=h7m07Fj82O0

ဒေါက်တာတင့်ဆွေ


Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Water poisoning ရေအဆိပ်သင့်ခြင်း

Colorectal cancer အူမကြီး ကင်ဆာ