Food for Kidney Diseases နာတာရှည်ကျောက်ကပ်ရောဂါရှိသူများအတွက် အစားအစာများ

Eating Right for Chronic Kidney Disease နာတာရှည်ကျောက်ကပ် မကောင်းသူများအတွက် အစားအသောက် 
ဆေးအရှိန်နဲ့ ကျောက်ကပ်ထိရင်ဘာဖြစ်နိုင်လဲဟင် ကျောက်ကပ်သန့်စင်အောင် ကျောက်ကပ်အားကောင်းအောင် ဘာစားပေးရမလဲရှင့် သိတဲ့သူဖြေပေးကျ(ကြ)ပါအုန်းနော်
ဆရာဝန်ကို မေးတာတော့ မဟုတ်ပါ။
Warning Signs Of Kidney Failure ကျောက်ကပ်အလုပ်မလုပ်နိုင်ခြင်းလက္ခဏာလေးခု https://dr-tint-swe.blogspot.com/2021/08/kidney-failure.html
ပုံထဲမှာ မစားသင့် စားနိုင် အစားအစာတွေပါတယ်။ ငှက်ပျောသီး၊ ဆန်လုံညို၊ နွားနို့နှင့် နို့ထွက်အစားအစာများ၊ ထောပတ်သီး၊ စည်သွပ်ဗူးအစားအစာများ၊ လိမ်မော်သီးနှင့် လိမ်မော်ရည်၊ စပျစ်သီး၊ ပန်းသီး၊ ဘယ်ရီသီးတွေ မသင့်ပါ။
နာတာရှည်ကျောက်ကပ် မကောင်းသူများအတွက် အစားအသောက် 
Step 1: Choose and prepare foods with less salt and sodium ဆားနှင့် ဆိုဒီယမ် နည်းပါစေ
တနေ့မှာ 2,300 milligrams of sodium each day ထက်နည်းရမည်။
ပြင်ဆင်ပြီးသား စားစရာတွေမှာ ဆားများလေ့ရှိတယ်။ လတ်ဆတ်တဲ့အစားအသောက်ဖြစ်ပါစေ။
ရောနှောချက်ပြုတ်ကြော်လှော်ထားတာတွေထက် အမျိုးအစား တခြားစီဖြစ်တာတွေက ပိုသင့်တယ်။
ဆားအရသာကို အစားထိုးတဲ့အနေနဲ့ အစပ်နဲ့ တားမပါတဲ့ ဟင်းခပ်အမွှေးအကြိုင်တွေကို စားသုံးနိုင်တယ်။
ဝယ်တဲ့စားစရာတိုင်းမှာပါတဲ့ ဆားပမာဏကို အရင်ဖတ်ပါ။ ဝယ်သမျှ ၂၀% ထဲမှာ ဆားများတယ်။
စည်သွပ်ဗူးထဲက စားစရာတွေကို မစားမီ ရေဆေးလိုက်ပါ။
Step 2: Eat the right amount and the right types of protein ပရိုတင်းဓါတ် နည်းပါစေ
စားတာထဲမှာပါတဲ့ ပရိုတင်းဓါတ်ကို ကျောက်ကပ်ကနေ မလိုတာစွန့်ထုတ်ပေးနေရလို့ ပရိုတင်းများတာ မကောင်းပါ။
ပရိုတင်းဓါတ်ဟာ အသား၊ ငါး၊ ဥနဲ့ ပဲတွေ အသီးအရွက်တချို့တွေထဲမှာ ပါတယ်။ ကြက်သား၊ ငါး၊ အမဲသား၊ ဆိတ်သား၊ ဝက်သား၊ နွားနို့နဲ့ နွားနို့ကနေထုတ်တဲ့ အစားအသောက်တွေ။ နေကောင်းစဉ်ကထက် တဝက်ခန့်သာ စားသုံးပါ။
Step 3: Choose foods that are healthy for your heart နှလုံးအာဟာရ
စားသုံးရမယ်။ ကြော်တာ မလွန်စေရ။ အဆီနဲ့ ကိုလက်စထော များတာတွေ မသင့်။ အဆီလွတ်အသား ရွေးစားပါ။ ပြည့်ဝဆီ မသင့်။ ထရန့်စ်ဆီ မသင့်။ ငါးတွေ သင့်တယ်။ ပဲသီး သင့်တယ်။ သစ်သီးတွေ သင့်တယ်။ အရက် မသင့်။
Step 3: The next steps to eating right မှန်တာရွေးစားသုံးပါ
phosphorus and potassium ဖေါ့စ်ဖါးရပ်စ်နဲ့ ပိုတက်စီယမ် မများစေရ။
Step 4: Choose foods and drinks with less phosphorus
လတ်ဆတ်တဲ့ အသီးတွေနဲ့ အသီးအရွက်တွေ သင့်။
ပေါင်မုံ့ စားနိုင်။ ဆန် စားနိုင်။ ရိုးရိုးဆန်ပြုတ် သင့်။ ပြောင်းဖူးအစာတွေ သင့်။
ဆိုဒါ ခေါ် အချိုရည်တွေ အရောင် ရင့်တာ မသင့်။ သံပုရာရည်၊ လိမ်မော်ရည် သင့်။ 
Foods Higher in Phosphorus ဖေါ့စ်ဖားရပ်များတဲ့အစာတွေ
အသား၊ ငါး၊ ကြက်။
ဆီရီရယ်နှင့် အုတ်စပါးနဲ့လုပ်တာတွေ။
နွားနို့ကနေလုက်တာတွေ။
အစေ့အဆံတွေ။
ဆိုဒါ ခေါ် အချိုရည်တွေ အရောင်ရင့်တာတွေ။ 
Step 5: Choose foods with the right amount of potassium ပိုတက်ဆီယမ် မများစေနဲ့
ပန်းသီး၊ သစ်တော့သီး၊ စပျစ်သီး သင့်။
မုန်လာဥနီ၊ ပဲသီးစိမ်းတွေ သင့်။
ရိုးရိုးဆန်ပြုတ် သင့်။
ထမင်း သင့်။
မသင့်တဲ့ ပိုတက်ဆီယမ်များတာတွေ -
လိမ်မော်သီး၊ ငှက်ပျောသီး၊ လိမ်မော်ရည်၊ အာလူး၊ ခရမ်းချဉ်းသီး၊ ဆန်လုံညို၊ နွားနို့ကနေလုပ်တာတွေ၊ အစေ့အဆံတွေ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ