Silence မြင့်မြတ်ခြင်းအဓိပ္ပါယ်

လွန်ခဲ့တဲ့ ၆ နှစ်ခန့်က ပို့စ်တခုတွေ့တယ်။ အရင်သမတကြီးဟာ နောက်အစိုးရကို ဘာတခွန်းမှမပြောဘူးတဲ့။ အဲတာမြင့်မြတ်လို့တဲ့။ မြင့်မြတ်ခြင်း အဓိပ္ပါယ်နဲ့ တုံဏှိဘာဝေ ဆိတ်ဆိတ်နေခြင်းအဓိပ္ပါယ်ကို သိပုံမရ။

နိုင်ငံခေါင်းဆောင်လုပ်သူတွေက အမျိုးမျိုးရှိတယ်။ စကားသိပ်မပြောပဲ ကောင်းရာမွန်ရာလုပ်သူတွေ၊ စကားသိပ်မပြောပဲ ဆိုးသွမ်းရက်စက်တာတွေလုပ်သူတွေ၊ စကားရိုင်းစိုင်းပေမယ့် ကောင်းမယ်ထင်တာလုပ်သူ၊ စကားလည်းမယဉ်ကျေး လုပ်ရပ်လည်း ညံ့ဖျင်းသူမျိုးလည်းရှိတယ်။

ကျွန်တော်ဆရာဝန်ကျင့်ဝတ်ကိုရေးတော့ ကွန်မင့်တခုက မြင့်မြတ်သူတို့ကျင့်ဝတ်များဆိုရင်လည်း မမှားပါဘူးဆရာ။ လေးစားပါသည်တဲ့။

အဲလိုတော့ မဟုတ်ပါဗျာ။ မြင့်မြတ်သူဆိုတာ အကျင့်သီလပါပြည့်စုံတယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ

Insomnia အိပ်မရခြင်း