တပြန်တဗီ တနာရီမျှ တဆံချည်မျှင် မေ့နိုင်အောင်ပဲ စေ့စေ့ကဲလျှင်

ဆံချည်တမျှင်တဲ့ဆရာ ကိုကိုးကျွန်းတိုက်ပွဲမှာ ရဲဘော်သိန်းကြည် ပြောခဲ့တဲ့စကားလို့ သိရပါတယ်။

တရေးချစ်ခွင့်မြင်ရနိုး

ရေး ကိုလေးညွန့်

ဆို မာမာအေး

နီးဖို့ရာဆိုရင်

၀ါဆိုတောင်မှ ပြာသိုအနားတွင် ထားလိုက်ချင်

ရက်ရက်ပြင် လစွန်း ယွန်းလေသည်အဝေး နှင်

ကြာလေလေ သတိရတိုင်း တိုင်း

တပြန်တဗီ တနာရီမျှ

တဆံချည်မျှင် မေ့နိူင်အောင်ပဲ 

စေ့စေ့ကဲလျှင် 

ထိလုမိုးဆီ တိမ်သို့မီသာ

ထွတ်ဘုန်းခေါင်ဖျား မြတ်စေတီအပါး၌

နယ်ခြားမြေဝေး နှောင်းချစ်ထွေးနှင့်

တရေး ချစ်ခွင့် မြင်ရနိုးထင်

တရေးချစ်ခွင့် မြင်ရနိုးခင်။

ဦးလည်ဆံမြေ့ နှောင်းသရွေ့ရွေ့

မြူးဆွယ် ဟန်ဓလေ့ အောက်တမေ့မေ့

တနေ့နေ့တချိန်ချိန် အိမ်သူ့ဆွေအား

ဒီကမေတ္တာ ခင့်ဖို့ပါပဲ 

အင်း မင်းဖို့ပါပဲ 

အမွန်စကားလက်ဆောင်ပါး၍

မျှော်ရ လတ်သူ စောင့်ရလတ်သူ

နေ့တာကရှည် ညတာလည်းရှည်

ချိုးလက်ရေ အခါခါပြောင်း 

အခါခါပြောင်း  ညောင်းနိုင်ဘူးခင်။

https://www.youtube.com/watch?v=BzibCl_NjeQ

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ