ခေါင်းလျှော်တဲ့ တရော်

ခေါင်းလျှော်တဲ့ တရော်
ပို့စ်တွေမှာ ဖတ်ရတယ်။ ပြောကျိလေတဲ့။ ကွန်မင့်မှာလည်း ရေးလာတယ်။ ပြောကျိတာတဲ့။
ပြောကြည့်လေ၊ ပြောကြည့်တာဆိုတာ မသေမချာ မရေမရာတာကို ပြောစေတာ၊ ပြောနေတာသာဖြစ်တယ်။ ဒီခေတ်မှာ ခိုင်မာတိကျတာတွေရှာလို့ မခက်ပါ။ အမှားတွေ အလွဲတွေကတော့ ရှာနေစရာမလိုပါ။ 
ငယ်ငယ်က သူငယ်ချင်းတွေ နောက်ပြောင်ကြတဲ့စကားတခုရှိတယ်။ ကြည့်ချင် တရော် -င်ကြားညှပ်တဲ့။
(ကန်တော့)။ 
တရော်ဆိုတာ ခေါင်းလျှော်ရာမှာ ကင်ပွန်းသီးနဲ့တွဲ သုံးတယ်။ ချွဲကျိတယ်။ 
ဒီတရော်တွေက ရှမ်းပြည်ကလာတယ်။ အသင့်ထုထားပြီးသား ၊ တရော်ကင်ပွန်း ခေါင်းလျှော်ရည်လုပ်ဖို့ပါ။ တရော်ပင်ရဲ့ မျိုးစုအမည်က Grewia ဖြစ်ပြီး Malvaceae မျိုးရင်းထဲမှာပါတယ်။ ဘုရားအပြန်လက်ဆောင်ဝယ်ကြတဲ့ အမှတ်တရ ဒေသထွက်ကုန်တမျိုးပါဘဲ။ (Kothet Naing Oo)
တရော်ကိုတော့ စသတ်နဲ့မရေဒလောက်ကြသေလို့ထင်ပါတယ်။
ပုံ = တရော် အရိုင်းပင် 
ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Water poisoning ရေအဆိပ်သင့်ခြင်း

Colorectal cancer အူမကြီး ကင်ဆာ