မလင်းတဖုံ လင်းတဖုံ

အမျိုးသားစာပေဆုရ စိန်စိန် ရေးတဲ့စာအုပ်

ခုခေတ်

စာရေးဆရာတွေကတော့ မလင်း(တစ်)ဖုံ လင်း(တစ်)ဖုံတဲ့။

မြန်မာစာဆရာတွေကတော့ မှောင်(တစ်) ဖုံ မည်း(တစ်)ဖုံတဲ့။

ကဗျာဆရာတွေကတော့ မီးပျက်(တစ်)ဖုံ မီးမလာ(တစ်)ဖုံတဲ့။

ရေစီးတခါ ရေသာတလှည့်

သခင်မြသန်းရေးတဲ့စာအုပ်

ခုခေတ်

စာရေးဆရာတွေကတော့ ရေစီး(တစ်)ခါ ရေသာ(တစ်)လှည့် တဲ့။

မြန်မာစာဆရာတွေကတော့ ရေမစီး(တစ်)ခါ ရေမသာ(တစ်)လှည့် တဲ့။

ကဗျာဆရာတွေကတော့ ရေမလာ(တစ်)ခါ ရေပျက်တာ(တစ်)လှည့် တဲ့။

ဒေါက်တာတင့်ဆွေ

Comments