လိုက်လို့မမီ ပြေးပြန်ပြီ

ဖယောင်းတိုင်မီးကို Art လုပ်နေတာ မဟုတ်ပါဘူး။ ဓမ္မသဘော သဘာဝတရား အသုဘအလျဉ် ပရမတ်ဖော်မှုဉာဏ်နဲ့သိမှမြင်၏။ မိစ္ဆာဒိဋ္ဌိမမြင်ရသော ပညာစစ်။

• ဖရင်းထဲကဖြစ်လို့ ဖောင့်ပြောင်း ဖတ်ပါတယ်။ အင်္ဂလိပ်စာလုံး Art ကိုတော့ တန်းသိတယ်။ 

• အနုပညာစာလုံးတဲ့။ ကနေ့မနက်မှာ ART ဆေးအကြောင်းလည်း မေးတယ်။ 

• ဆေးပညာမှာ အတိုကောက်တွေက များတယ်။ တခါတခါရှုတ်ထွေးတယ် ART ကို စောစောပိုင်းက ARV လို့ ခေါ်ကြတယ်။ ခွေးရူးကာကွယ်ဆေးကိုလည်း ARV လို့ခေါ်တယ်။

• သယ်ပို့စနစ်တခုကို Deli လို့ရေးတော့ နားမလည်။ Deli ဆိုတာ စားစရာရောင်းတဲ့ ဆိုင်ခပ်သေးသေးကို ခေါ်တယ်။

• ဖေ့စ်ဘွတ်မှာရေးကြတဲ့ တချို့ မြန်မာစာတွေနဲ့ တချို့အင်္ဂလိပ်စာတွေကို နားမလည်ပါ။ 

• ကျောင်းပြန်တက်ရင် တတ်ထားတာပါ ပြောင်မယ်။

• Art ဆိုတာ ပန်းချီ၊ ပန်းပုစတဲ့ အနုပညာ။ Arts ဆိုတာ သမိုင်း၊ စီးပွါးရေး၊ ဖီလော်ဆော်ဖီ စတဲ့ ဝိဇ္ဇာပညာတွေတဲ့။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Herpes labialis နှုတ်ခမ်းရေယုံ

Daflon 500 mg လိပ်ခေါင်းဆေး

Herpes Simplex ရိုးရိုး ရေယုံ