သားအိမ်ခေါင်းကင်ဆာ ဆိုတာဘာလဲ

သားအိမ်ခေါင်းကင်ဆာ ဆိုတာဘာလဲ https://cancercaremyanmar.com/cervical-cancer-3/?fbclid=IwAR0Pbt3LaaEq50qNfr5VCiMGey_HvY_E_Iu8fRyJjtaP1M3InC_ItmFrAbc

သားအိမ်ခေါင်းကင်ဆာသည် သားအိမ်ခေါင်း၏ တစ်သျှူးတွင် ဖြစ်ပွားသော ကင်ဆာတမျိုးဖြစ်သည်။ ဒီကျန်းမာရေးအသိပညာပေးစာကို ကျွန်တော်ရေးတာ မဟုတ်ပါ။ စာရေးထားတာ သတ်ပုံလည်း မှန်တယ်။ ကွန်ဂရက်ကျူလေးရှင်း။ 

• စာရေးတာ သတ်ပုံမှန်မှသာ စာပါအချက်အလက်တွေလည်း မှန်နိုင်တယ်။ 

• တစ်သျှူး (တစ်ရှူး) ကို စသတ်နဲ့ ရေးရပြီး၊ ကင်ဆာတမျိုးရေးမှာ စသတ်မလိုအပ်ပါ။ 

• ကျွန်တော်ကတော့ သားအိမ်ဝလို့ ရေးပါတယ်။ အများစုက သားအိမ်ခေါင်းလို့ ရေးတယ်။ စာဖတ်သူတွေကလည်း သားအိမ်ခေါင်းလို့ရေးမှသာ နားလည်ကြတယ်။ ဆောရီး။

• ဆေးနည်းတွေပေးကြတာ သတ်ပုံက မမှန်။ ရောင်းကောင်းတယ်။ 

• တရားစာတွေရေးကြတာ သတ်ပုံကမမှန်။ သာဓုခေါ်ကြတယ်။ 

• မြန်မာပြည်မှာ (တ) စသတ်ကင်ဆာ ကူးစက်နေတာကြာပြီ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Herpes labialis နှုတ်ခမ်းရေယုံ

Daflon 500 mg လိပ်ခေါင်းဆေး

Herpes Simplex ရိုးရိုး ရေယုံ