တချို့က အတော်ဂွကျတယ်

တခါတခါမှ လာဖတ်ပြီး ဆရာ့စာတွေ မတွေ့တာကြာပြီတဲ့။ တချို့က ဆရာငြိမ်နေတယ်တဲ့။

ကျွန်တော့က အိပ်နေချိန်ကလွဲရင် လိုင်းပေါ်မှာ နေ့တိုင်းနေ့တိုင်းရှိတယ်။ နေမကောင်းမဖြစ်တာလည်း ကြာတော့ ပျက်ရက်လည်းမရှိပါ။

မေးတာတွေဖြေပါတယ်။ သူများရေးတာတွေဖတ်ပြီး တင်သင့်တာ တင်တယ်။ ကိုဗစ်သတင်းကို ၄-၁-၂၀၂၀ နေ့ကတည်းက နေ့တိုင်းတင်တယ်။ ကင်ဆာအကြောင်း မရေးရတဲ့နေ့ မရှိ။ အခုရက်တွေမှာ ယူကရိန်းသတင်း။

အင်တာဗျူးတွေက လာတဲ့အခါ လာတယ်။ ရေဒီယိုတခုက နက်ဖြန်အတွက် ကနေ့ချိန်းထားတယ်။ တခြား ရေဒီယိုတခုက တမြန်ပြင်တနေ့က မေးတော့ ကျွန်တော့ထက် ပိုသင့်တော်သူကို လွှဲလိုက်တယ်။ မနေ့က အင်တာဗျူးကို တင်ထားပြီးပြီ။

မနက်က အွန်လိုင်း နိုင်ငံရေးအစည်းအဝေးတခု လွတ်သွားသေးတာ။ လုပ်သမျှအကုန်တော့ မတင်ပါ။ အခုစာရေးနေရင်း ဘောလုံးပွဲ ကြည့်နေတယ်။ အခုထိ သုည-သုည။ နေ့လယ်စာ မစားရသေး။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Herpes labialis နှုတ်ခမ်းရေယုံ

Daflon 500 mg လိပ်ခေါင်းဆေး

Herpes Simplex ရိုးရိုး ရေယုံ