ကင်ဆာနဲ့ ကိုဗစ်ကာကွယ်ဆေး

အမေက အူမကြီး ကင်ဆာနဲ့ ခွဲစိတ်ပီး (ပြီး) ဓာတ်ကင်ထားတာ ၅လ လောက်ရှိပါပီ (ပါပြီ) ပြန်ပီးလည်း ကျနိးမာနေပါပီ (ပါပြီ) ညမတခုလောက်သိချင်တာက အမေ့ကို COVID vaccines ထိုးပေးရ ကောင်းမလား မထိုးရဘူးလား ဝေခွဲမရလို့ပါ ဆရာဝန်ကတော့ထိုးလို့ရပီ(ရပြီ)လို့ပြောပါတယ် ဒါပေမယ့် တချို့လည်း ဆေးထိုးပီး (ထိုးပြီး) ရောဂါဟောင်းတွေ ပြန်ပေါ်တာ ပြန်ကုရတာတွေ မြင်နေတွေ့နေကြားနေရလို့ မထိုးပေးတာ ပိုကောင်းမလားလို့ တွေးမိလို့ အကြံဥာဏ်လေးတောင်းတာပါ

ဆရာဝန်ကို မေးတာတော့ မဟုတ်ပါ။ 

ကင်ဆာနဲ့ ကိုဗစ်၊ ကင်ဆာနဲ့ ကိုဗစ်ကာကွယ်ဆေးအကြောင်း မကြာခဏဖြေရ၊ ခဏခဏတင်ရတယ်။

အခံရောဂါရှိသူတွေက ကျန်းမာနေသူတွေထက် ပိုပြီး ကိုဗစ်ကို သတိထားရမယ်။ ကာကွယ်ရမယ်။ ကာကွယ်ဆေးထိုးရမယ်။ အခံရောဂါတွေထဲမှာ ကင်ဆာလည်းပါတယ်။

ကင်ဆာအခံရှိသူတွေကို ကူးစက်ရင် ကင်ဆာမရှိသူတွေထက် ပိုဆိုးစေနိုင်တယ်။

တခုလောက်၊ တချို့ ရေးတာတွေ မှန်။ ကွန်ဂရက်ကျူလေးရှင်း။ ဖုန်းထဲက ကီးဘုတ်မှာ ရရစ်မပါသေးရင် ထည့်သင့်။

ဒေါက်တာတင့်ဆွေ


Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ် ယားခြင်း

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ