ဘာဒေါက်တာလဲ

ဆရာက ဆေးပညာဒေါက်တာလား၊ မြန်မာစာဒေါက်တာလားဆရာ။

ကျွန်တော်က ဆေးပညာဘွဲ့ရ ဆရာဝန်ဖြစ်ပါတယ်။ 

ဆရာဝန်က တခါတခါ လူနာဖြစ်တယ်။ 

မြန်မာစာကို ၁၂ တန်းအထိသာ သင်ယူခဲ့ဘူးတယ်။ 

ဆေးကျောင်းမသင်ခဲ့ရတဲ့ နိုင်ငံရေးထဲကိုပါ ဝင်လုပ်တယ်။ 

နိုင်ငံရေးအလုပ်က ပါးလာတော့ မြန်မာစာလူနာကိုပါ တတ်စွမ်းသလောက် ကုသပါတယ်။ 

ကနေ့ မြန်မာစာက နာတာရှည်။ ပြင်ပလူနာကုထုံးနဲ့ မရတော့ပါ။ (အိုင်စီယူ) ထဲ သွင်းရတော့မယ်။ 

လူနာရှင်က သဘောမတူတဲ့။ ဘယ်တတ်နိုင်မှာလဲ။ 

ဆရာဝန်ဆိုတာ လူနာရှင်သဘောမတူရင် မေ့ဆေးပေးခွင့်မရှိ။ ခွဲစိတ်ကုသခွင့်မရှိပါ။

လူနာကိုယ်တိုင်ကလည်း ဒီအတိုင်းဘဲ အရိုးထုတ်တော့မယ်တဲ့။

လူနာက ဆေးခါးကြီး မမျိုချင်။ လည်ပင်းမှာ (တစ်) နေလို့တဲ့။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ

Insomnia အိပ်မရခြင်း