ဘာဒေါက်တာလဲ

ဆရာက ဆေးပညာဒေါက်တာလား၊ မြန်မာစာဒေါက်တာလားဆရာ။

• ကျွန်တော်က ဆေးပညာဘွဲ့ရ ဆရာဝန်ဖြစ်ပါတယ်။ 

• ဆရာဝန်က တခါတခါ လူနာဖြစ်တယ်။ 

• မြန်မာစာကို ၁၂ တန်းအထိသာ သင်ယူခဲ့ဘူးတယ်။ 

• ဆေးကျောင်းမသင်ခဲ့ရတဲ့ နိုင်ငံရေးထဲကိုပါ ဝင်လုပ်တယ်။ 

• နိုင်ငံရေးအလုပ်က ပါးလာတော့ မြန်မာစာလူနာကိုပါ တတ်စွမ်းသလောက် ကုသပါတယ်။ 

• ကနေ့ မြန်မာစာက နာတာရှည်။ ပြင်ပလူနာကုထုံးနဲ့ မရတော့ပါ။ (အိုင်စီယူ) ထဲ သွင်းရတော့မယ်။ 

• လူနာရှင်က သဘောမတူတဲ့။ ဘယ်တတ်နိုင်မှာလဲ။ 

• ဆရာဝန်ဆိုတာ လူနာရှင်သဘောမတူရင် မေ့ဆေးပေးခွင့်မရှိ။ ခွဲစိတ်ကုသခွင့်မရှိပါ။

• လူနာကိုယ်တိုင်ကလည်း ဒီအတိုင်းဘဲ အရိုးထုတ်တော့မယ်တဲ့။

• လူနာက ဆေးခါးကြီး မမျိုချင်။ လည်ပင်းမှာ (တစ်) နေလို့တဲ့။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Herpes labialis နှုတ်ခမ်းရေယုံ

Daflon 500 mg လိပ်ခေါင်းဆေး

Herpes Simplex ရိုးရိုး ရေယုံ