ကပ္ပလီကဗျာ

မဝတဝ၊ စားပါရလည်း 

အိပ်ရချောင်တွင်၊ စိတ်မရွှင်တည့်။

တခဏမျှ၊ ရယ်ပါရလည်း 

ငိုရကြာရှည်၊ စိတ်မကြည်တည့်။

အစအန၊ ပျော်ပါရလည်း 

ပူရမြင့်မို၊ စိတ်မပျိုတည့်။

ချိုချိုသာသာ၊ ပြုံးမျက်နှာအား 

ရှာသော်မရ၊ မျက်ရည်စနှင့် 

သောကနှင့်သာ၊ ကြုံရပါသည် 

တံထွာလောက လူ့ဘဝ။

ဇော်ဂျီ

သရုပ်ဖော် - ဗဂျီအောင်စိုး

ကပ္ပလီ ကဗျာဆရာ ပေါ[လ်]လောရင့်ဒန်ဘား [Paul Lawrence Dumber ၏ ကဗျာကို ပြန်ဆိုသည်]

ကဗျာကို မူရင်းသတ်ပုံမပျက် တင်ပေးထားသူ ကျေးဇူး။ တချို့က ကိုယ်စပ်တဲ့ကဗျာမဟုတ်ဘဲ သတ်ပုံတွေပြင်ကြတယ်။ 

ဒေါက်တာတင့်ဆွ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Water poisoning ရေအဆိပ်သင့်ခြင်း

Colorectal cancer အူမကြီး ကင်ဆာ