အိမ်ပြန်ချင်သူ

တညလည်၌ 

ဆောက်တည်မရ၊ စိတ်နွမ်းလျလှ 

ယုယမည့်သူ 

ပူပင် ကင်းမဲ့ ၊ အိပ်ပျော်ခဲ့ထင့် 

ဇာလဲ့အိပ်ရာ၊ ထလာဖြေးဖြေး 

မြူမှေး ရစ်သန်း၊ လူတိတ်လမ်း၌ 

ပက်ဖျန်းငွေမှုန့်၊ နှေးတုံ့ လ, မျှင်

ညှိုးသမ်းမြင်ခဲ့ 

သစ်ပင်ရိပ်ပြောက်၊နှင်းမိုးပေါက်ကြား 

ချောက်ချားတဝက်၊ ပူလောင် မျက်ရေ 

အိပ်မက် ကြေကွဲ၊ ထွေးပတ်ဆဲမှာ 

မရဲတရဲ လျှောက်ခဲ့မိ၏။

ငယ်ရွယ်လေးပင် 

ပူဆွေး ဒုက္ခ၊ နားလည်ရဟန် 

မိဘ စိတ်ကွဲ၊ လမ်းခွဲခဲ့ဟန် 

ကြင်ဖွဲ့ မောင်ငယ်၊ သေပျောက်ကွယ်ဟန် 

တွယ်ငြိ မိတ်ဆွေ၊ ကွေကွဲ ဖောက်ပြန် 

လွတ်မြောက် ချမ်းသာ၊ အချစ်၌ ရှာသည် 

ဘယ်မှာ မတွေ့၊ လမ်းမှာ ကွေ့ကောက် 

ရောက်ရာ ဘဝ၊ ကံပစ်ချရာ 

မာန ချိုးနှိမ်၊ စိတ်ညှိုးသိမ်ခဲ့။

တွယ်ငြိခြင်းသည် 

ဆင်းရဲ အစ၊ သံသာရဟု 

ချမ်းမြသိလဲ၊ တွယ်ငြိမြဲပင် 

ရဲဝံ့သည်လား၊ ကြောက်သည်လားဟု 

ငြင်းပွား စိတ်ထွေ၊ အဖြေခက်သည် 

တပ်မက် မှီနွဲ့၊ မောဖြေလှဲ့ဟု 

မောင်ရဲ့ ခေါ်သံ၊ သဲ့သဲ့ညံမှ 

ပြန်လာတုံ့ လျှင်၊ အိမ်ပြန်ချင်ငဲ့ 

ရင်ခုန်ထိတ်ခဲ့ပြီတကား။   ။ 

ကြည်အေး

(၁၉၂၉ - ၂၀၁၆) 

သရုပ်ဖော် - ဗဂျီအောင်စိုး

Comments

Popular posts from this blog

Allergic skin အရေပြား အလာဂျီ

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ