Dhamma School ဓမ္မစကူး ဆိုတာ ဘာလဲ

ဓမ္မ

ပါဠိ-မြန်မာ အဘိဓာန် (ဦးဟုတ်စိန်)

တရား။ ကုသိုလ်တရား။ ပရိယတ္တိတရား။ ဝိနည်းမှကြွင်းသော ဘုရားစကား။ ဟုတ်မှန်သောသဘော။ သစ္စာတရား။ လောကုတ္တရာတရား။ ခန္ဓာအာယတနဓာတ်ဟု ဆိုအပ်သောတရား။ ကျေးဇူးတရား။ ကျင့်အပ်သောတရား။

Dharma meaning 

In Buddhism, the nature of reality regarded as a universal truth taught by the Buddha; the teaching of Buddhism.

School (ယုဒသန် အင်္ဂလိတ် မြမ္မာ အဘိဓာန်)

စာသင်သောနေရာအရပ်။ စာသင်တပည့်စု။ စာသင်သောလူကလေး။ စာသင်ဖော်သင်ဖက်။ စာသင်သော မိမ္မကလေး။ စာသင်ဇရပ်။

School meaning

1. an institution for educating children.

2. any institution at which instruction is given in a particular discipline.

သီရိလင်္ကာမှာ Dhamma School တွေက တရားဝင်အစိုးရကဖွင့်ထားတယ်။ ယူအက်စ်အေမှာ Buddhist Church လိုလည်း ရှိတယ်။

ဓမ္မစကူးဆိုတာ မြန်မာစကားစစ်စစ် မဟုတ်။ ပါဠိ-အင်္ဂလိပ် ကပြားစာလုံးဖြစ်ပါတယ်။ ဒီခေတ်မှာ ကပြားမျိုးစုံ။ မြန်မာပြည်မှာ မြန်မာစကားစစ်စစ် ရှားပြီထင်ရဲ့။ ကျွန်တော်ကတော့ စာသင်ဇရပ်ကို ပိုသဘောကျတယ်။ 

ပုံ Sri Dhammananda Dhamma School, Malabe

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Water poisoning ရေအဆိပ်သင့်ခြင်း

Colorectal cancer အူမကြီး ကင်ဆာ