The day before yesterday တမြန်နေ့

၁။ တမြန်ပြင်တနေ့လို့သုံးတာ မသိခဲ့ဘူးရှင့် ကျမက တမြန်မနေ့ကလို့ ထင်နေခဲ့တာ တချိန်လုံး မှားနေခဲ့တာ ခုမှသိရလို့ ကျေးဇူးပါဆရာ

၂။ မြန်မာစကားမှာ မနက်ဖြန် သဘက်ခါ ဖိန်းနွဲခါဆိုပြီး ရှိပါတယ် ဖိန်းနွဲခါ ဆိုတဲ့ စာလုံးပေါင်းသတ်ပုံ အမှန်က ဘယ်လိုဘာလဲဆရာ မနက်ဖြန် သဘက်ခါ ဖိန်းနွဲခါ စသည်စသည့်ဖြင့် အခေါ်ဝေါ်လေးတွေ တင်ပေးပါဆရာ

၃။ ဆရာ မနက်ဖြန်၊ သန်ဘက်ခါ၊ ဖိန်းနွှဲခါ စတဲ့စကားတွေက မြန်မာစကားလား။ မဟုတ်ဘူးဆိုလဲ ဘယ်ဘာသာက ဆင်းသက်တာပါလဲ။ သိချင်စိတ် ပြင်းပြနေလို့ပါဆရာ။

နက်ဖြန်၊ သန်ဘက်ခါနဲ့ ဖိန်းနွှဲခါ အားလုံး ခေတ်ဟောင်း သတ်ပုံကျမ်းမှာပါတယ်။

စကားအရာမှာတော့ နက်ဖန်လို့ပြောကြပေမယ့် နက်ဖြန်ကသာ စံကိုက်သတ်ပုံဖြစ်ပါတယ်။ နောက်တနေ့က သန်ဘက်ခါ၊ သန်ဘက်ခါရဲ့ နောက်တနေ့က ဖိန်းနွှဲခါ၊ ဖိန်းနွှဲခါရဲ့ နောက်တနေ့က ဖိန်းသန်ဘက်ခါ။

ယနေ့ (ဒီနေ့၊ ကနေ့) = ၂၇-၂-၂၀၂၂

မနေ့က (ယမန်နေ့) = ၂၆-၂-၂၀၂၂

တမြန်နေ့ = ၂၅-၂-၂၀၂၂

တမြန့်ပြင်တနေ့ = ၂၄-၂-၂၀၂၂

နက်ဖြန် (မနက်ဖြန်) = ၂၈-၂-၂၀၂၂

သန်ဘက်ခါ = ၁-၃-၂၀၂၂

ဖိန်းနွှဲခါ = ၂-၃-၂၀၂၂

ဖိန်းသန်ဘက်ခါ = ၃-၃-၂၀၂၂

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ

Allergic skin အရေပြား အလာဂျီ