Waist size bigger heart attack risk in women

အမျိုးသမီးများ ခါးတုတ်ရင် နှလုံးရောဂါရလမ်း ပိုစေနိုင်

လွန်ခဲ့တဲ့ ၃ နာရီက သတင်းဖြစ်ပါတယ်။ အမျိုးသမီးတွေ ခါးနဲ့ တင်ပါးအတိုင်းအတာ အချိုးအစားကိုကြည့်ပြီး နှလုံးရောဂါဖြစ်သူတွေကို လေ့လာတာဖြစ်တယ်။ ယောက်ျားတွေထက် ပိုနေတာ တွေ့ရတယ်။ ကိုယ်ခန္ဓာပုံပန်းမှာ ခါးတုတ်သူတွေကို ပန်းသီးပုံလို့ ခေါ်ပါတယ်။

Waist-to-hip ratio ခါး-တင် အချိုးအစားဟာ ဝတယ်လို့ပြောလေ့ရှိတဲ့ Body mass index (BMI) ကိုယ်ထုထည်ထက် ပိုပြီးပြောလို့ရတယ်။ ယောက်ျားတွေမှာ ၆% က နှလုံးရောဂါရကြပြီး အမျိုးသမီးတွေမှာ ၁၈% ရတယ်။ ဆောရီး။ BMI များရင် ကျားရော မ ပါ နှလုံးရောဂါရလမ်းပိုတယ်။

ဒီလေ့လာမှုကို ယူကေနိုင်ငံမှာ အသက် ၄ဝ ကနေ ၆၉ နှစ်ရှိသူ လူပေါင်း ၅ သိန်းကိုလေ့လာခဲ့ပါတယ်။

Heart attack symptoms နှလုံးရောဂါလကဏာတွေကတော့ 

1. Chest pain ရင်ပတ်နာခြင်း၊ နာတာက ကိုယ်တခြမ်းနဲ့ လက်အထိနာခြင်း၊ 

2. Feeling lightheaded or dizzy ခေါင်းထဲပေါ့နေပြီး မူးခြင်း၊ 

3. Sweating ချွေးပြန်ခြင်း၊ 

4. Shortness of breath အသက်ရှူမဝခြင်း၊ 

5. Feeling or being sick နေမကောင်းတာကိုခံစားရခြင်း၊ 

6. Overwhelming sense of anxiety စိုးရိမ်စိတ်လွန်ကဲခြင်း၊ 

7. Coughing or wheezing ချောင်းဆိုးခြင်းနဲ့ စီစီစီစီအသက်ရှူသံ ကြားရခြင်းတွေဖြစ်တယ်။

ဒေါက်တာတင့်ဆွေ

၂၈-၂-၂၀၁၈

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Water poisoning ရေအဆိပ်သင့်ခြင်း

Colorectal cancer အူမကြီး ကင်ဆာ