ကြွပ်

ရန်ကုန်က ကြက်ကင်နဲ့ ငဖယ်လုံးအကြွတ်ပြန်ကြော်

အကြွပ်ပြန်ကြော်လို့ ရေးရ။ သတ်ပုံကျမ်းတွေထဲမှာ ကြွတ် မရှိပါ။

ကြွပ် = ကျိုးလွယ်သော။ ဆတ်သော။ ရွသော။ စိတ်တိုလွယ်သော။ နှလုံးကြွပ်ဆတ်၊ ကြံအင်ချွတ်၏။

ကြွပ်ဆတ် = ကျိုးလွယ် ပျက်လွယ်သော။ သားရေနုတို့မှာ အမြန်သွေ့ခြောက်စေရသောအခါ ဆတ်သွားမည်။

ကြွပ်ဆတ်ဆတ် = အပြောအဆို၊ အပြုအမူ တိုတိုတောင်းတောင်း။ မပြေမပြစ်ပဲ။ မပျောင်းမပျော့ပဲ။ 

ကြွပ်တက် = တံတောင်ဆစ် ဒူးဆစ်တို့တွင် ပွန်းပဲ့ ပြုပ်ထနေသည်။ ချေး အတင်များသည်။ 

(အသံထွက်တော့ ဂျွတ်)

ကြွပ်ကြွပ်အိတ်

ကြွပ်ဆတ်ဆတ်

ကြွပ်ဆတ်သောသူ

ကြွပ်သတ္တု (နီဖျော့သောအဆင်းရှိသည့် သတ္တုတမျိုး)

ခရမ်းကြွပ်ပင်

ခဲမကြွပ်

ပျဉ်ကြွပ်၊ 

မြက်ကြွပ်ရွက်၊ 

မှိုကြွပ်ပင်၊ 

မုံ့ကြွပ်

ရွရွကြွပ်ကြွပ်၊ 

ဝက်ကြွပ်ပင်၊ 

သံကြွပ်၊ 

သင်းကြွပ်ထ 

ဟင်းကြွပ်ပင်၊ 

အကြွပ်ကြော်

အုပ်ကြွပ်အမိုး 

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Herpes labialis နှုတ်ခမ်းရေယုံ

Daflon 500 mg လိပ်ခေါင်းဆေး

Herpes Simplex ရိုးရိုး ရေယုံ