မျက်ကန်းတသိုက်
(က)
နေဝင်ချိန် ရွှေရင်မလို့
နောင်တက ပူပင်
မိုက်မှားခဲ့ ရာဇဝင်
ပြင်ချိန်တန်ပြင်
မပြင်က ဘဝဆုံး။
သင်ပြုသမျှ ကုသလရယ်လို့
အမျှဝေစရာ မရှိ
လောဘအတိ ဒေါသအတိ
မောဟအတိတွေနဲ့
မသိမှု တသက်လုံး
အဝိဇ္ဇာဖုံး။
(ခ)
သတိမမူ မြူမမြင်
သတိမူရင် မြူကိုတောင်မြင်
တန်ခိုးအာဏာ ယစ်မူးတော့
အရူးလိုပင်။
အမိုက်တုံးပေမို့
အကြိုက်ဆုံးတွေကို ယူငင်
ဆင်သေကောင်ပေါ်က ကျီးမိုက်
အများမကြည့် တရားမသိ
မှားမိချင်သလောက် မှားပစေ
ငါစားရပြီးစတမ်းဆိုတဲ့
မျက်ကန်းတသိုက်ရဲ့
ရှက်ရမ်းတဲ့စရိုက်။
(ဂ)
ကိုယ့်ကိုယ်ကို မမြင်
ဘဝင်လေရိုက်
အိုဘယ့် သင်လူမိုက်။ ။ (တင်မိုး)
၂၂.၇.၂၀၀၃ တနင်္လာ - နေ့လယ်ခင်း
တင်ပေးထားသူ ကျေးဇူး။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment