လွယ်သည်ကို ခက်စေလော့

စာမေးပွဲမေးခွန်းတခုပို့ပြီး ပြောပါသည်။ ကျွန်တော်တို့လဲ မြန်မာစာမှာအမှတ်မရမှာစိုးလို့ တစ်ခဲ့တာ။

ကမ္ဘာလုံးကြီးသည် ပထဝီစာအုပ်ထဲမှာ လုံးဝန်း၍ လက်ဖက်ရည်ဆိုင်မှာ ပြားပါသည်။

တိုင်းပြည်၏စီးပွားရေးသည် လုပ်သားပြည်သူ့နေစဉ်သတင်းစာတွင် နေ့တိုင်းအောင်မြင်၍ မိသားစုထမင်းဝိုင်းမှာ အနပ်တိုင်း စပါးလုံးတွေမြင်ရပါသည်။

ငြိမ်းချမ်းရေး အစည်းအဝေးများတွင် တိုင်းရင်းသားဝတ်စုံနှစ် စစ်ဝတ်စုံများကို တောက်ပသစ်လွင်စွာ မြင်ကြရ၍ မြေပြင်တွင် ဗုံးခိုကျင်းများနှင့် မီးလောင်ခြင်းခံထားရသည့် ကျေးရွာများကို မြင်ကြရပါသည်။

ကိုဗစ်သည်လည်းကောင်း၊ ကင်ဆာသည်လည်းကောင်း ဆေးကျောင်းမှာ သင်ယူရတာခက်ခဲလှပြီး ဖေ့စ်ဘွတ်တွင် အလွန်လွယ်ကူပါသည်။

သတ်ပုံတို့သည် မြန်မာစာမေးခွန်းတွင် တစ်၍ ဟံသာဝတီတိုက်ထုတ်စာအုပ်များတွင် ပြေပြစ်ပါသည်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Herpes labialis နှုတ်ခမ်းရေယုံ

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ