ငြိုး ညိုး ညှိုး


မုံရွာသူတယောက်ရေးတာ ဖတ်ပြီး သတ်ပုံစာအုပ်တွေ လှန်ရတယ်။ လက်ဖက်ရည်ဆိုင်ကနေ ဝယ်ပေးလိုက်တယ်။ ပေါင်မုံ့ကြက်ဥကြော် ၁ ချပ်ကို ၁၂၀၀ ကျပ်ပေးခဲ့ရတယ်။ အပြန်ကြ ငြိုးလာတာ ဒီလောက်လွယ်တဲ့ဟာ အိမ်မှာလုပ်ကျွေးအုံးမယ်တဲ့။ ငြိုးသတ်ပုံ မှန်တယ်။ အပြန်ကျက မှန်တယ်။ အပြန်ကျ ဝယ်လာတာတွေကို အတူတူစားကြမယ်။

ညိုးညိုးညံညံ

ညိုးညိုးညိတ်ညိတ်

ညိုးညိုးညီးညီး

ညှိုးချုံး

ညှိုးငယ်

ညှိုးကြုံ

ညှိုးမြန်း

ညှိုးသမ်း

ညှိုးခြောက်

ညှိုးရော်

ညှိုးရော်ခွေပြောင်း

ညှိုးနွမ်း

ညှိုးနွမ်း

ငြိုးငြိုးငြိမ့်ငြိမ့် သာသာယာယာ

ငြိုးသူရန်ဘက်

ငြိုးတေးထားသည်

ရန်ငြိုးဖွဲ့

ရတုဘုရင် (ဂီတနက်သန် ကိုစောညိန်း)

ရော်ရွက်ဝါ မြညှာညောင်းကာ ညှိုးရော်ခွေပြောင်း နွေနှောင်းရာသီမှာ လေယူနှင်ကာ ကြွေကာဝဲကာ အဆင်းရွှေမှုန်ရောရာ မြေသို့သက်လျှော လွမ်းဘွဲ့သာမောစွာ။

မိုးဦးပဇ္ဇုန်ဒေဝါ မာန်ဟုန်တော်ပျိုး မင်ခိုးရည်လဲ့လဲ့ကာဝိုင်းလို့သာ မှုန်ပြာဝေမှိုင်း ခုလိုတိမ်မျိုးဆိုင်းမှဖြင့် ကသိုဏ်းကွက်ဆင်ကာ နတ်သျှင်ကို မြင်ယောင်မိပြန်တာ ကဗျာသီကျွေး စာပလီတေးတွေနဲ့ ရေးဖွဲ့ဟန်ကို ပြန်လှန်ကာသာ ထင်တရေးရေးနဲ့ လွမ်းမိုးစွေလို့ရွာ မဖြေနိုင်ပါ ကိုယ်တော်တိုင်မှာ သောကရဲ့စေစားချက်နာ စစ်မြေကွာဝေး ဆွေးလျက်ပင်သာ တသက်တာကျွမ်းရရှာ ရာဇဝင်အမှောင်မှာ တန်ဆောင်ဆီမီးပမာ အနုပညာမြောက် စံတင်နိုင်လောက် စာပေရောင်ဝါ ထိန်ထိန်တောက်ခဲ့တာ ရတုဘုရင် စာဆိုရှင်ရဲ့ ဂန္တဝင် အမွေအနှစ်ပါ။

မောင်မောင်ညွန့် သီဆိုထားသောမူ https://www.facebook.com/watch/?v=651204664922401

ထင်တရေးရေး၊ တသက်တာ၊ သတ်ပုံတွေကို မှန်အောင်ရေးတတ်သူက ရှားနေပြီ။ ရာဇဝင်အမှောင်မှာ တန်ဆောင်ဆီမီးပမာ စာပေရောင်ဝါသာခဲ့တဲ့မြန်မာစာ ရော်ရွက်ဝါ မြညှာညောင်းနေရရှာပြီ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Water poisoning ရေအဆိပ်သင့်ခြင်း

Colorectal cancer အူမကြီး ကင်ဆာ