တိုးတက်လာသလော

ကျွန်တော်တို့ ငယ်စဉ်ကလည်း လမ်းဘေးရေအိုးစင်တွေရှိတယ်။ 

ပုံထဲကလိုနေရာတွေမှာလည်း ရှိတယ်။ ပုံထဲက အမျိုးသမီးမျိုးကလည်း အမျိုးထဲမှာပါရှိတယ်။ 

ကျွန်တော်လည်း အဲလိုရေအိုးစင်ကနေ ရေသောက်ခဲ့ဘူးတယ်။ ထန်းလက်မိုးအောက်မှာ နေခဲ့ရဘူးတယ်။

ကွာခြားတာတခုက သောက်ရေခွက်။ ပလပ်စတစ်ခွက်က နောက်မှပေါ်တယ်။ ဒန်ခွက်အရင်က အုန်းမှုတ်ခွက်တဲ့ သောက်ရတယ်။

ထနောင်းပင်ကြီးက အသက်ရနေပြီ။ တိုင်းပြည်ကြီးလည်း လွတ်လပ်ရေးရတာကြာပြီ။

တိုင်းပြည် တိုးတက်လာသလော။ စေတနာသာ မအိုတာ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ

Allergic skin အရေပြား အလာဂျီ