မရမ်းသီး ငပိချက်

မရမ်းသီး ၁၀သားကို ခြမ်းပြီး အစေ့ထုတ် ရေဆေး ရေစစ်ကာ ပါးပါးလှီးထားပါ။ ကြက်သွန်နီ ၃လုံး ပါးပါးလှီး ငပိ ကွမ်းသီးလုံးခန့် ငံပြာရည် ပုစွန်ခြောက်လက်တဆုပ်ခန့်ထောင်း သကြား အချိုမှုန့် (သို့) ကြက်သားမှုန့် နနွင်း ငရုတ်ပုထောင်း ဆီတို့ကို အိုး ၁ လုံးထဲထည့်၍ ရောနယ်ကာ မီးဖိုပေါ်တင်ပါ။ အနည်းငယ်နွမ်းပြီး ရေခန်းလျှင်ရေလိုသလောက်ထည့်၍တည်ပါ။ ဆီပြန်၍မရမ်းသီး စိတ်ကြိုက်အနူး အရသာ အနေတော် ဖြစ်လျှင်ငရုတ်သီးစိမ်း ထည့်၍ချပါ။ ချက်ကြည့်ကြစို့ (အိမ်ရှင်မ)

ရေးတာလည်း မှန်လို့ ကွန်ဂရက်ကျူလေးရှင်း။ စားကောင်းမည်း။ မျိုချသော် တစ်နေမည်မဟုတ်။ 

အိမ်မှာချက်ရင်တော့ သကြား အချိုမှုန့် (သို့) ကြက်သားမှုန့်တွေ ပါမည်မဟုတ်။ ငပိကောင်းရင် ရသည်။ အချိုမှုန့်ထည့်သမျှ ဟင်းတိုင်းက အရသာတူဖြစ်နေမယ်။ 

မရန်းသီးလို့ရေးတာက ပိုမှန်တယ်။ ဒါပေမဲ့ အမှန်လို့သိသူက ရှားတယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Herpes labialis နှုတ်ခမ်းရေယုံ

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ