Buddha Poses and Postures ဗုဒ္ခဘုရားရုပ်တုတော်များ

ဘုရားဆင်းတုတော်တွေရဲ့ အနေအထားတွေကို သုတေသနလုပ်ထားတာတွေ ဖတ်ကြည့်ပါတယ်။ (၁ဝ) မျိုးရှိတယ်။ မြန်မာနိုင်ငံကဆင်းတုတော်တွေကို လုပ်ထားတာမဟုတ်ပါ။ ဘုရားလျောင်းတော်မူအနေထားက တမျိုးတည်းသာပါတယ်။ ကျွန်တော်သိသလောက် (၂) မျိုးရှိတယ်။ အိန္ဒိယနိုင်ငံ၊ ကုသိနာရုံ (ကူစီနဂါး) မှာရှိတဲ့ ရုပ်ပွါးတော်ဟာ မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုတော်မူနေတဲ့ လျောင်းတော်မူပုံ အစစ်ဖြစ်တယ်။ ရုပ်ပွါးတော်တွေထုလုပ်ကြတာက အများစုဟာ ညာဖက် လက်တော်ကနေ ဦးခေါင်းတော်ကို ထောက်ပင့်ထားတာမျိုး ဖြစ်တယ်။ အဲတာက ဂန္ဓကုဋီမှာ သီတင်းသုံးတော်မူစဉ်က အေးဆေးသက်သာ ရဟန်းတော်တွေနဲ့ အတူရှိစဉ်အနေအထား ဖြစ်ပါမယ်။ ဒကာ၊ ဒကာမတွေနဲ့ ဟုတ်ချင်မှဟုတ်မယ် ထင်ပါတယ်။ 

၁။ Protection Buddha / Overcoming Fear အနေအထား = ညာဖက်လက်တော်က တဒေါင်ဆစ်ကနေ မြှောက်ထားတယ်။ လက်ဝါးတော်က ရှေ့ဖက်ကိုပြထားတယ်။ အဓိပ္ပါယ်ဖွင့်တာ (၂) မျိုးရှိတယ်။ လက်ဝါးတော်က အကာအကွယ်ပေးနေတယ်။ နောက်တမျိုးက လောဘ၊ ဒေါသ၊ မောဟတရားကို ကျော်လွန်ပြီးဖြစ်တယ်။ ထိုင်နေပုံရော ရပ်တော်မူပါဖြစ်နိုင်တယ်။ ဘယ်ဖက်လက်တော်က ဆန့်ထားတာဖြစ်ဖြစ် ပေါင်ပေါ်တင်ထားတာဖြစ်ဖြစ်ရှိမယ်။

၂။ Meditation Buddha / Serenity Buddha / Calming Buddha ကမ္မဌာန်းထိုင်နေတော်မူပုံ = တည်ငြိမ်မှုနဲ့ မေးချမ်းမှုရှိတော်မူပုံ။ လက်တော်နှစ်ဖက်လုံးက ပေါင်မှာတင်ထားတယ်။ မျက်နှာတော်ကရှေ့တည့်တည့်ကြည့်နေပြီး တင်ပလင်ခွေထိုင်နေမယ်။ အောက်မှာ ကြာပွင့် တထပ်ဖြစ်ဖြစ်၊ နှစ်ထပ်ဖြစ်ဖြစ်ရှိမယ်။ တခါတလေမှာ သပိတ်တော်လည်း တင်ထားနိုင်တယ်။  

၃။ Calling The Earth To Witness The Enlightenment ထိုင်တော်မူပုံ = တင်ပလင်ခွေထိုင်နေပြီး ညာဖက် လက်တော်က မြေကြီးဆီထိုးပြနေမယ်၊ ဘယ်ဖက်လက်တော်က ပေါင်ပေါ်တင်ထားတယ်။ လက်ဝါးတော်က အတွင်းဖက်မှာထားတယ်။ မဟာပထဝီမြေကြီးကို တိုင်တည်သက်သေးထားတဲ့သဘောဖြစ်တယ်။ တောထွက်ပြီး တရားရှာ၊ တရားကျင့်လို့ ၆ နှစ်ပြည့်ကာနီးကာလမှာ မာနတ်ကလာပြီး ဖျက်ဆီးဖို့ကြံစည်သမျှကို အောင်နိုင်ခြင်းလို့ အဓိပ္ပါယ်ဖွင့်တယ်။

၄။ Nirvana / Reclining Buddha Pose ပရိနိဗ္ဗာန်ပြုတော်မူပုံ 

၅။ Medicine Buddha အပြာရောင်အရေပြားနဲ့ပုံတော် = ညာဖက်လက်တော်က လက်ချောင်းတွေဖြန့်ထားပြီး အောက်ဖက်ကိုမျက်နှာမူထားတယ်။ ဆေးဖက်ဝင်အရွက်တွေကို ဝဲဖက်လက်နဲ့ ပေါင်ပေါ်မှာရှိနေတယ်။ တိဘက်ဗုဒ္ဓဘာသာဝင်တွေမှာ တွေ့ရတယ်။

၆။ Teaching Buddha / DharmaChakra Buddha သင်ကြားနေတဲ့ပုံတော် = ဓမ္မာစကြာတရားဟောကြားနေပုံ။ လက်တော်နှစ်ဖက်က ရင်ပတ်နေရာလောက်မှာရှိမယ်။ လက်မနဲ့လက်ညှိုးကို စက်ဝိုင်းပုံထားမယ်။ ညာဖက်လက်တော် လက်ဝါးကအတွင်းဖက်နဲ့ ဘယ်ဖက်ကအပြင်ဖက်ပြထားမယ်။

၇။ Sukhothai Walking Buddha / Returning From Heaven စင်္ကြန်သွးနေတော်မူပုံ = ညာဖက်လက်တော်ကို မြှောက်ထားပြီး လက်ဝါးကအပြင်ဖက်ကိုပြနေတယ်။ ဘယ်ဖက်လာက်တော်က ကိုယ်ဘေးမှာချထားတယ်။ ညာခြေတော်က နောက်ဖက်မှာ၊ မြေကနေကြွကာနီး။ နတ်ပြည်ကနေပြန်ကြွအလာပုံ။ 

၈။ Contemplation Buddha လက်နှစ်ဖက်လုံးက ရင်ပတ်မှာ၊ ကိုယ်ဖက်ကိုမျက်နှာမူထားပြီး ညာဖက်က အပြင်ဖက်မှာ ထားတယ်။

၉။ Alms Bowl Buddha / Begging Buddha ဆွမ်းခံကြွနေပုံ။ 

၁ဝ။ Repelling The Ocean / Stopping The Relatives From Fighting ဆွေတော်မျိုးတော်တွေ မြစ်ရေအတွက် အငြင်းပွွါးနေကြလို့ ပေယျာလကန်ပြုနေတော်မူပုံ။ 

• ဗုဒ္ဓမြတ်စွာဘုရားပုံတော်ကို ရုပ်တုတွေ၊ ပန်းချီကားတွေဖန်တီးကြတယ်။ တချို့တွေက လက်ရာမြောက်လို့ ကြည်ညိုစရာ ကောင်းတယ်။ တချို့က အချိုးအစားမကျလို့ ဘုရားကိုပါ ကိုယ့်ကြောင့် အထင်သေးစေတယ်။ စေတီတော်တွေလည်း အဲလိုပဲ။ စေတီတော်တွေက ဘုရားပုံတော်ထက်တော့ အပြစ်ဆိုစရာနည်းပါတယ်။ ပိသုကာပညာဆရာတွေက ပန်းချီ၊ ပန်းပုဆရာတွေထက် တော်ကြလို့ဖြစ်နိုင်တယ်။

• ဆင်းတုတော်တွေကို မလျှော်ကန်တာတွေ၊ အပိုဆောင်းကြတာတွေက အတော် အရုပ်ဆိုးတယ်။ ဥပမာ မျက်မှန် တပ်ပေးတာမျိုး။ 

• သင်္ကန်းတော်ကိုလည်း ကြည်ညိုဖွယ်မဖြစ်တာတွေရှိတယ်။ ဘာမှမဝတ်တဲ့ (ဂျိန်း) ဘုရားနဲ့ မှားတတ်ကြတယ်။ 

• တချို့ဆင်းတုတော်တွေက ကိုယ်ကာယအချိုးအစားမကျဖူး။ လျောင်းတော်မူမှာ ခြေဖဝါးတော်ကို အဆမတန် ကြီးထားတာလည်းရှိတယ်။ ခါးနေရာကို သိမ်လွန်းတာလည်းတွေ့ရတယ်။ ခန္ခာဗေဒ သင်ထားရလို့ ပိုပြီးမြင်တတ်တယ်။ 

• မျက်နှာတော်ကို လိုတာထက်ပို၊ ဖြစ်သင့်တာထက်လွန်ကဲပြီး၊ လှမလားလို့ ချယ်သပေးကြတယ်။ နှုတ်ခမ်းနီ၊ မျက်ခုံးမွှေး စတာတွေထည့်ကြတယ်။ ဗုဒ္ဓဘာသာနဲ့ မနီးစပ်တဲ့ နိုင်ငံခြားကလူတွေက မေးတာခံရဘူးတယ်။ မင်းတို့ဘုရားက ဣိတ္ထိယနဲ့ တူတယ်တဲ့။ 

• အိမ်ထောင်မှု၊ ဘုရားတည်၊ ဆေးမင်ရည်စုပ်ထိုး၊ ဤသုံးမျိုး ချက်မပိုင်လျှင် နောင်ပြင်ရန် ခက်သည့်အမျိုးဆိုတာမို့ နေမယ်။

• အခုရေးထားတွေထဲမှာ ကွဲလွဲတာရှိရင် ပြန်ပြင်ပါအုံးမယ်။ ကျွန်တော်က ရှေးဟောင်းသုတေသနသမား မဟုတ်ပါ။ ဆင်းတုတော်တွေကို ကိုးကွယ်ရာတခုအနေနဲ့ ကိုးကွယ်ကြရတာမှန်ပေမယ့် တင့်တယ်တာသာဇြစ်စေချင်လို့ရေးတာ ဖြစ်ပါတယ်။ နောင်ပြင်ရန်ခက်တယ်ဆိုတာ ပြင်မရတာတော့ မဟုတ်ပါ။ ခက်တာကို ရအောင်လုပ်နိုင်သူက လူတော် ဖြစ်တယ်။ မြန်မာပြည်သားမှန်သမျှ လူတော်တွေဖြစ်ကြပါစေ။ 

ဒေါက်တာတင့်ဆွေ

၁-၄-၂၀၁၅

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Water poisoning ရေအဆိပ်သင့်ခြင်း

Colorectal cancer အူမကြီး ကင်ဆာ