Temozolomide 100mg ဆေး

၁။ ဆရာရှင့်။ Temozolomide 100mg ငါးရက်ကို ဆေးစသွင်းတဲ့နေ့က စသောက်ရပါတယ်။ အခုသောက်ပြီး သုံးလေးရက်လောက်အထိ အစာမစားချင်ဖြစ်နေပါတယ်။ ဘယ်လိုလုပ်ရမလဲဆရာရှင်။ ကျေးဇူးပါနော်။
အစာမစားချင်တာက ဆေးရဲ့ဘေးထွက်သက်ရောက်မှုဖြစ်တယ်။ စားနိုင်တာ စားပါ။ အရပ်ပြောနဲ့ ဖေ့စ်ဘွတ်မှာ ရေးနေကြတဲ့ ဟိုဟာရှောင် ဒီဟာမစားနဲ့တွေကို မယုံပါနဲ့။ ကုသပေးနေတဲ့ ဆရာဝန်က အရှောင်မခိုင်းရင် ချို-ချဉ်-စပ်-ငန်-ဖန်-ခါး စားနိုင်တယ်။ အားဆေးသောက်ချင်လည်း ရိုးရိုး ဗီတာမင်ဘီအုပ်စုဆေး သောက်နိုင်တယ်။ Cypon ဆေးရည်လည်း စားချင်စိတ်ပိုစေနိုင်တယ်။
ရှင်နဲ့ ရှင့် အသုံးပြန်တွေ့ရတယ်။ ကောင်းတယ်။ နော်လို့ရေးတာတော့ သိပ်မသင့်မှန်ပါ။
၂။ ကျေးဇူးပြုပြီးဖြေကြားပေးပါဆရာကြီးရှင့်။ ဆေးတကြိမ်သွင်းပြီးပါပြီ။ ၂၈ ရက်နေ့ကပါ။ အခုဆေးကိုတော့ ၅လပိုင်းမှာ တကြိမ် အခုလက်ရှိ သုံးရက်သောက်ပြီးသွားပါပြီ။ ၅ရက်သောက်ရမှာမို့ ၂ရက်တော့ ကျန်ပါသေးတယ်။ ပါးစပ်ထဲမှာဘာစားစားအရသာမရှိတော့ပါဘူး။ အဲလိုပဲဖြစ်တတ်ပါလားရှင်။ ဘာ တွေလုပ်ရလဲရှင်။ ဖြစ်ဖူးတဲ့သူတွေရောရှိလားရှင်။ နည်းလမ်းလေးများရှိရင်လဲပြောပြပေးကြပါလားရှင့်။
ကျွန်တော့ကို မေးတာတော့ မဟုတ်ပါ။
Temozolomide side effects ဘေးထွက်သက်ရောက်မှုများ
ပျို့၊ အန်၊ ဝမ်းပျက်၊ ဝမ်းချုပ်၊ အစားပျက်၊ ပါးစပ် လည်ချောင်းနာ၊ ခေါင်းကိုက်၊ အရေပြားအရောင်နု။
ပါးစပ် လည်ချောင်းနာတာအတွက် ဆား(နည်းနည်း) + ရေ (ရေနွေး) နဲ့ မကြာခဏ ဆေးပါ။ အယ်လ်ကိုဟော ခေါ် အရက်ပါတဲ့ ပါးစပ်ဆေးရည် မသင့်။ ဆားအစား baking soda and warm water ချွတ်ဆေးမှုန့်နဲ့ ရေခပ်နွေးနွေးကိုလည်း သုံးနိုင်တယ်။
တကြိမ်လို့ ရေးတာမှန်။ ကွန်ဂရက်ကျူလေးရှင်။ ကင်ဆာနေရာမှာ သတ်ပုံမှန်အောင်ရေးတာ အလွန်ရှားတယ်။ စောစောကဘဲ ကင်ဆာလူနာ ဘယ်လိုကရမလဲ မေးတာဖတ်ရသေးတယ်။

၃။ Temozolomide 100mg ဆေးတွေပြန်လှူချင်ပါတယ်။ ဝယ်တုန်းက တဗူးကို ၁၂၀၀၀၀လောက်ရှိပါတယ် လိုအပ်သူယူပါခင်ဗျာ။
malignancy of the cerebrum ဦးနှောက်ကင်ဆာဆေးဖြစ်တယ်။ mind tumors ဦးနှောက်ကင်ဆာဖြစ်သူ ပုံမှန်ဆေးတွေနဲ့ မရသေးတဲ့အခါ ပေးတယ်။ ဆေးကို နေ့စဉ် အချိန်တူ အစာမရှိချိန်မှာ သောက်ရမယ်။ Temotero, Tzmide လို့လည်း အမည်ပေးတာရှိတယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Water poisoning ရေအဆိပ်သင့်ခြင်း

Colorectal cancer အူမကြီး ကင်ဆာ