တေ တွေ

1. Female ပါ အပျိူပါ ရာသီက ပုံမှန်ပါပဲရှင့် ဖြစ်နေတာက မျက်လုံးတွေက ယားတော့ လက်နဲ့ပွတ်ပါတယ် လက်နဲ့ ပွတ်ပါများတော့ မျက်လုံးတေကပူပြီး မျက်လုံးကနီပြီးဝါလာပါတယ် မျက်ရည်ပူတေလည်း ကျပါတယ်

2. ကင်ဆာ ဖြစ်ထားတဲ့သူနဲ့ alcohol နဲ့ တည့်လားရှင့် အမြဲတန်းတော့မဟုတ်ပါဘူးရှင့် အလုပ်ကလူကြီးတေနဲ့ ဆုံမဲ့အချိန်တေမှပါရှင့် ကျေးဇူးပြုပြီး ဖြေပေးကြပါဦးရှင့် (ကျွန်တော့်ကိုမေးတာတော့ မဟုတ်ပါ။ သတ်ပုံကို တင်ပြချင်လို့ဖြစ်ပါတယ်။ တေ မဟုတ် တွေ လို့ရေးရ။)

3. ကင်ဆာသမားတေစိတ်ဓာတ်နှင့်စိုးရိမ်မှုကအဓိကပါရှင့် စိတ်ဓာတ်မကျနဲစိုးရိမ်စိတ်မများနဲ ညီမအသက်၃၈ပါ 

4. ကျနော့်အသက် ၂ရပါ ဆံပင်တွေကျွတ်တာ နဖူးတောင်ပြောင်လာပါပြီဆရာ ဆံပင်ဆေးဆရာဝန်တေနဲ့ ဆွေးနွေးတာ ဟော်မုန်းကြောင့်တဲ့ပြောတယ်ဆရာ ဟော်မုန်းဓာတ်မညီတာဆိုတာဘာပါလဲဆရာ ပြီးတော့ ကျနော် လည်ချောင်းတေလဲ တအားပူပြီး မူးတတ်တာရော ဟော်မုန်းနဲ့ဆိုင်ပါသလားဆရာ ဘာဆေးသောက်ရင် အထောက်ကူပြုနိုင်ပါလဲဆရာ ကျနော်က နယ်ဘက်ကပါ ဆရာ ကျနော့်မှာ မေမေပဲရှိပါတော့တယ် မေမေကလဲ ကင်ဆာနဲ့ပါ ဆံပင်တေကျွတ်တော့ ဆရာဝန်တေနဲ့ ဆွေးနွေးတာ ကုရင် တအားစျေးနှုန်းတေများလို့ပါဆရာ (တေ ရေးတာမှားနေတယ်။)

5. ကျနော် goitre ဖြစ်နေတယ် သံသယရှိလို့ သွားပြကြည့်ပါတယ်ဆရာ Result တေအရ ဘာ treatment မှ မလိုဘူးပြောပါတယ်ဆရာ (တေ ရေးတာမှားနေတယ်။)

6. ဆရာ ကျွန်မ အသက် ၂၇ ပါ ကိုယ်ဝန် ၂၁ ပတ်ထဲမှာပါ ကလေး ဆံပင်တေသန်ဖို့ အရပ်ရှည်ဖို့ ဘာတေ စားသင့်ပါလဲ ဘာဓာတ်တေလိုအပ်ပါလဲဆရာ (တေ ရေးတာမှားနေတယ်။)

7. ဆရာရှင့် Valprol CR-300 Depakine-200mg Quatapine ဒီဆေးတေပါ Valprol ကတော့ စိတ်တအား တက်နေချိန်ဆို သောက်ပါတယ် Depakineနှင့် Quatapine ကတော် စိတ်ပြန်ကျနေချိန်ဆို သောက်ရပါတယ်ဆရာ ဆေးလေးတေရဲ့ ဘေးထွက်ဆိုးကျိုးလေးများ သိချင်လို့ပါဆရာ (ဆေးတွေလို့သာ ရေးရ။ မြန်မာဆေးမှာ တေဆေးလို့ရှိလို့ ဖြေထားပြီး။ အခုလည်းထပ်ရေးတယ်။)

8. ဆရာရှင့် ကျေးဇူးပြု၍ဖြေပေးပါရှင့် သမီးလေးမှာအဲ့လိုအဖုလေးတေပေါက်နေပါတယ် ချိုင်းကြားတေ ပေါင်ကြားတေမှာရောပါ ဆေးခန်းတေလည်းသွားတယ်မသက်သာလို့ပါဆရာကြီးရှင့် ဘာဆေးလိမ်းရမလည်း ဘာဆေးသောက်ရမလည်း ဆိုတာ ညွှန်ကြားပေးစေလိုပါတယ်ဆရာကြီးရှင့် (တွေလို့ရေးရတယ်။)

9. ဆရာရှင့် စိတ်အတက်အကျဆေးတေရဲ့ဘေးထွက်ဆိုးကျိုးလေးတေသိချင်ပါတယ်ရှင့် မောင်လေးသောက်နေရတာ ၂နှစ်နီးပါးရှိနေပါပြီ ပြီးတော့စိတ်ဆေးတေကတသက်လုံးသောက်ပေးရမှာလားရှင် သူဖြစ်နေတာက manic ပါဆရာ (ဆေးတေလို့ မရေးရ။ ဆေးတွေလို့သာ ရေးရ။ မြန်မာဆေးမှာ တေဆေးလို့ရှိ။)

10. ဆရာရှင့် တားဆေး Depo ထိုးပြီးရင် အာ့သုံးလအတွင်း ကလေးမရနိုင်တာသေချာပါသလားရှင့် ကျွန်မက အခုအစထိုးရမာမို့ပါ အလုပ်တေကြောင့် ကလေးမလိုချင်သေးလို့ပါရှင့် ဖြေပေးပါဦး သုံးလပြီးရင်တော့ကလေးယူတော့မာပါ တားဆေးသုံးလို့ဆိုးကျိူးတေကရောဘာဖြစ်တတ်ပါသလဲ (ဆိုးကျိူးတေ မဟုတ်။ ဆိုးကျိူးတွေလို့ရေးရတယ်။ )

11. ဆရာရှင် သမီးကျောက်ကပ်ရောင်ပါတေရှင် ဘယ်ဆရာအကောင်းဆုံးဆိုတာသိရှင်ပါတေရှင် (တေ ရေးတာမှားနေတယ်။)

12. ဆရာရှင် အသက်က ၂၉နှစ်ပါရှင်။ မျက်နှာမှာ အမည်းစက်တေဖြစ်တာ အိမ်ထောင်မကျခင်ကတည်းကပါ။ (အမည်းစက်တေလို့ရေးတာ မှားတယ်။)

13. ဒေါက်တာ ကျွန်မက အသက်၂၄ပါ အရင်လတေက အရေးပေါ်တားဆေးသောက်ပါတယ် ၉လပိုင်းအထိ သောက်ခဲ့ပါတယ် (တေ ရေးတာမှားနေတယ်။)

14. ဓာတ်ကင်ရင် ဘာတေလိုအပ်လဲ ဘာတေယူသွားရမလဲ ဘာတေကျွေးသင့်လဲ ဆိုတာ ပြောပြပေးကြပါအုံးနော် မနက်ဖြန် ပထမဆုံးကင်ရမှာမို့  အတွေ့အကြုံလေးမျှပေးကြပါအုံးရှင့်

15. နိုင်ငံခြားကပြန်လာတဲ့ အမျိုးသမီးတယောက် သူ့ခရီးသွား အတွေ့ကြုံရေးထားတာ သတ်ပုံ တွေ အကုန်အမှား။ တွေ လို့ သုံးရမဲ့နေရာ မှာ အကုန် ဝဆွဲ မပါ။ တေ တွေ နဲ့ ချည်း ရေးထားတာ။ (ကျွန်တော်လည်း ပြည်တွင်းမှာ မနေရပါ။ နှစ် ၃၀ လောက်ကြာပြီ။ တသက်လုံး တွေ နဲ့ တေ မမှားပါ။)

16. မင်္ဂလာပါဆရာ ကျနော့အသက် ၂၃ပါ ဆရာ အာသီးရောင်နေတာ သုံးပတ်ကျော်နေပြီဆရာ မပျောက်သေးဘူး ကျနော်ဘလိုနေထိုင်ရမလဲဖြေပေးစေလိုပါတယ် လည်ပင်းအကြောတေလဲတင်းနေတယ်ဆရာ

17. အပျိူပါ ရာသီက ပုံမှန်ပါပဲရှင့် ဖြစ်နေတာက မျက်လုံးတွေက ယားတော့ လက်နဲ့ပွတ်ပါတယ် လက်နဲ့ ပွတ်ပါများတော့ မျက်လုံးတေကပူပြီး မျက်လုံးကနီပြီးဝါလာပါတယ် မျက်ရည်ပူတေလည်း ကျပါတယ် (တေ ရေးတာမှားနေတယ်။)

တေ

တေ = ခပ်ပြာ = ရွှေတုရွှေယောင်၊ ထောင်းထုနှိပ်နယ်သည်

တေဆေး

တေဇောဓါတ်

တေဇော်

တေမိမင်း

လူပေလူတေ

တေတေပေပေ

လျှော်တေ

အင်္ဂတေ

တေလေကြမ်းပိုး

တေသောကလေး

နာနာတေပါ

ထောင်းထုတေ

အမြုတေ

တာတေကြီး ရုပ်ရှင်

ဘယ်သူသေသေ ငတေမာပြီးရော

တွေ

တွေဝေ

သံတွေခဲ

ဆေးဒန်းတွေသည်

မျက်ရည် တွေတွေစီးကျသည်

တွေ = အများပြစကားလုံး။ လူတွေ၊ အိမ်တွေ။

သတ်ပုံဖျက်ရေးနည်းကို သမီးရည်းစား၊ လင်မယား၊ သူငယ်ချင်းတွေ အချင်းချင်းသာ ရေးလိုရင်ရေးကြပါ။ ဆရာဝန်ဆီတော့ ဆောရီး။ တေရာဂါဖြစ်တာ တနှစ်သာသာလေးရှိသေးတယ်။ ဘယ်သူသေသေ ငတေမာပြီးရောဆိုပြီး မြန်မာစာကို ဖျက်ဆီးခဲ့လို့။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Water poisoning ရေအဆိပ်သင့်ခြင်း

Colorectal cancer အူမကြီး ကင်ဆာ