ရုပ်ဖြစ်ကြောင်း တရားများ

ကံ စိတ် ဥတု အဟာရ အကြောင်းတရားလေးပါး ထောက်မတည်ရှိစေရန် ကြိုးပမ်းနေရှာတဲ့ခန္ဓာ။

အထက်တန်းထိ ကျောင်းနေဘက်ဖြစ်တဲ့ သူငယ်ချင်းတယောက်က သူ့စာမှာ ကံ၊ စိတ်၊ ဥတု၊ အာဟာရလို့ ရေးတယ်။ ကျွန်တော်လည်း ဆေးပညာစာတွေမှာ အဲဒီအကြောင်းခံလေးပါးကို မကြာမကြာ ကိုးကားလေ့ရှိပါတယ်။

တနေ့က လယ်တီဆရာတော်ကြီးရေးသားတဲ့ ဒီပနီပေါင်းချုပ်ကို ဖတ်တော့ ကျွန်တော့တင်ပြချက် လွဲနေတာ သိရတယ်။ ဥတုဆိုတာ ရာသီဥတု မဟုတ်ပါတဲ့။ 

ဥတုဆိုသည်ကား သီတတေဇော၊ ဥဏှတေဇော ဟူသော မီးဓာတ် နှစ်ပါးပေတည်း။ ကံ၊ စိတ်၊ ဥတု၊ အာဟာရတွေဟာ ရုပ်ဖြစ်ကြောင်း တရား ၄ ပါးဖြစ်ပါတယ်။ 

ရုပ်နဲ့ဆက်စပ်မှုရှိတဲ့ ရောဂါဘယတွေနဲ့ ဆိုင်မယ်။ ရာသီဥတုနဲ့ဆိုင်တဲ့ ရောဂါတွေလည်း အမှန်တကယ် ရှိပါတယ်။ အခုလို နေအလွန်ပူချိန်မှာ ရောဂါတွေကတမျိုး။ မိုးတွေရွာပြန်ရင် တမျိုး။ နေကောင်းကြပါစေ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Allergic skin အရေပြား အလာဂျီ

Colorectal cancer အူမကြီး ကင်ဆာ

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ