ဒူးရင်းသီး ဆွမ်းတော်တင်ခြင်းအမှု

ဒူးရင်းသီး ဘုရားဆွမ်းတော်တင်ထားတာနဲ့ ကွန်မင့်တခုလည်း ဖတ်ရတယ်။ ဒါယကာမကြီး ဒူးရင်းသီးကို အခွံလေးသင်ပီး (ပြီး) ကပ်ရင် ဘုန်းပေးရတာ အဆင်ပြေတာပေါ့ ခုတော့ တဲ့။

ကျွန်တော် ဘုရားစင်ပုံတင်တိုင်း စင်မဟုတ် ဘုရားကျောင်းဆောင်လို့ရေးခိုင်းသူတွေ အတော်များတယ်။ မြတ်စွာဘုရားဟာ တောမှာမွေ့ပျော်တယ်လို့ ဆိုပါတယ်။ လုမ္ဗိနီအင်ကြင်းဥယျာဉ်မှာ ဖွားတော်မူတယ်။ ဥရုဝေလတောမှာ တောထွက်တယ်။ ညောင်ပင်အောက်မှာ ဘုရားဖြစ်တယ်။ မိဂဒါဝန်တောမှာ တရားဦး ဟောတယ်။ ပလလဲတောထဲမှာ တဝါဆိုဘူးတယ်။ သရက်ဥယျာဉ်တွေမှာ တရားတွေဟောတယ်။ ပရိနိဗ္ဗန်စံတော့လည်း ကုသိနာရုံမြို့မှာ မဟုတ်။ မလ္လာမင်းတို့ရဲ့ အင်ကြင်းတောမှာဖြစ်တယ်။ 

တချို့ကလည်း ဆွမ်းတော်က နည်းနည်းလေးတဲ့။ မြတ်စွာဘုရား ဆွမ်းပမဏာမဘယ်လောက် ဘုန်းပေးသလဲ မသိ။ ၄၅ လုပ်လို့ လူရွှင်တော်တွေပြောတာ ကြားဘူးတယ်။ တချိုကလည်း ဇွန်း ခက်ရင်းမပါဘူးလားတဲ့။ နှစ်ပေါင်း ၂၅၀၀ ကျော်တုန်းက ပေါ်ပြီလား မသိ။ ဆွမ်းအုပ် အဖုံးဖွင့်ထားတဲ့။ ယင်ကောင်။ လက်ဆေးရေတဲ့။ လက်သုတ်တဲ့။ တစ်ရှူးခေတ်မဟုတ်လား။

ခေတ်ဆန်သူတွေက များများလာတယ်။ မာလာအမည်ပါတဲ့ဟင်း၊ ထောင်းနဲ့ သောက်ဆမ်းအမည်ပါတဲ့ဟင်းတဲ့။ အစပ်ဆိုတာ ငရုတ်ပုတမျိုးတည်းရှိသလားမသိ။ အရောင်ပါ ကန်စွန်းရိုးနီ၊ အုန်းစိမ်းရည်တဲ့။ ကရင်၊ ကချင်၊ ရှမ်း၊ ရခိုင်၊ ကယား၊ တရုပ်၊ ကုလားနဲ့ ယိုးဒယား။ ကုသိုလ်တွေ ပွားကြတာ ကောင်းပါတယ်။ မဇ္ဈိဒေသမှာ ဒူးရင်းသီး မရှိပါလို့ လာဦးမယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Herpes labialis နှုတ်ခမ်းရေယုံ

Daflon 500 mg လိပ်ခေါင်းဆေး

Herpes Simplex ရိုးရိုး ရေယုံ