အာဏာတမတ်သား

ကွန်မင့်မှာ လာတင်တဲ့ အရုပ်တွေကို လိုက်ဖျက်ရတာ နေ့စဉ် မနက် ည လုပ်ရတယ်။ တယောက်က စာပြန်တယ်။

ကျွန်တော်က ရှွေဘုံသာလမ်းက ့့့ ဆေးခန်းပိုင်ရှင်ပါဆရာ ဖိတ်ခေါ်အပ်ပါတယ်

ဟုတ်။ ကျေးဇူး။ နေကောင်းပါစေ။

တချို့က ဖေ့စ်ဘွတ်သာသုံးပြီး မင်စင်ဂျာကို မဖွင့်ကြ။ အရုပ်တွေလာလို့ ဖွင့်တော့ အရင်ကလည်း လက်နဲ့စာမရေးအားရင် အရုပ်တွေလည်း မပို့ပါရန်စာ ရေးထားပြီးသား။ တချို့လည်း ပြောထားတာသိပေမဲ့ ထပ်ပို့ကြတယ်။

ကျွန်တော့မှာ အာဏာမရှိ။

ကရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးသတင်း မနေ့ကတင်တာ Aye Aye San လုပ်ပြန်ပြီ ! လို့ရေးတဲ့သူကိုတော့ ဘလော့လိုက်တယ်။

ကျွန်တော့်မှာ အာဏာတမတ်သားလောက်ရှိ၏။

ဒေါက်တာတင့်ဆွေ

၁-၅-၂၀၂၀

Comments

Popular posts from this blog

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ

Allergic skin အရေပြား အလာဂျီ