ငှ ဌ ဋ္ဌ


၁။ ဌက်ပျောပင်က အမှန်လား ဌက်ပျောပင်က အမှန်လားဗျ ဆရာ (ငှက်ပျောပင်)

၂။ မိသားစု private သီးသန့် ခရီးသွားလိုသူများအတွက် လေယာဉ်စင်းလုံးဌားပြီး သွားနိုင်ပါပြီ 
ဌား နဲ့ ငှား မှားရေးကြတာတွေ မကြာခဏတွေ့တယ်။ လေယာဉ်စင်းလုံးငှားလို့ ရေးရတယ်။ လေယာဉ်စင်းလုံးထားပြီးလို့ ထင်စေနိုင်တယ်။

၃။ ဘာရောဂါဖြစ်ဖြစ် ငှက်သိုက်ကြောငြာသူတွေက ဌက်သိုက် (ထက်သိုက်) လို့ ရေးကြတယ်။ မှားတယ်။ 
(ဟထိုး) ဆိုတာ စာလုံးအလယ်ကနေသာ အောက်ကို ဆွဲချရတယ်။ (ဌဝမ်းဘဲ) အက္ခရာက (င) အဆုံးကနေ တန်းဆွဲရတယ်။ (ဌက်သိုက်) က (ဋ္ဌက်သိုက်) နဲ့ (ဠက်သိုက်) ထက်တော့ တော်သေးတယ်။ 

၄။ ပဋ္ဌာန်းရွတ်သူတွေကလည်း မှန်အောင်မရေးကြ။ 

၅။ ပဌမလို့ရေးရင် အိုလံပစ်မှာ ရွှေတံဆိပ်ရသူလို့ မထင်ကြတယ်။ 

ငှက်
ငှက်ကျား
ငှက်စပ်
ငှက်တိန်ညင်း
ငှက်ကြီးတုံးစပ်
ငှက်ကြီးဝန်ပို
ငှက်ကြီးတောင်ဓါး
ငှက်ပစ်တောင်
ငှက်ဖျားရောဂါ
ငှက်မြတ်နား
ငှက်ချေးခံ
ငှက်ပျောပင်
ငှက်ပျောပပ်
ငှက်ပျောဖက်
ငှက်ပျောဖီးကြမ်း
ငှက်ပျောဖူး
ငှက်ခြောက်ရုပ်

ငုတ်
ငုတ်တုတ်ထိုင်သည်
ငုတ်ရိုက်သည်
ဘုရားငုတ်တို
သစ်ငုတ်

ငုပ်
ငုပ်ပျောက်တိမ်ကော
လက်ငုပ်လက်စ
အစငုပ်
အဓိပ္ပါယ်ငုပ်
ခြေစွယ်ငုပ်
ရေငုပ်
သွေးလေငုပ်

ငှန်း
ကြငှန်း = အထွတ်အမြတ်
ကြငှန်းတိုင်
သုံးလူ့ကြငှန်း

ငုံ
ငုံစီစီ
ပန်းငုံ
ဖူးငုံ
အငုံအခိုင်
ရေငုံ
နှုတ်ငုံ

ငုံး
ငုံးငှက်
ငုံးတို
ငုံးမင်းပရိတ်

ငုံ့
ငုံ့၍ကြည့်
ငုံ့ခံ
ငုံ့စမ်းပါ
ငုံ့လျှိုး
ခေါင်းငုံ့ပါ

ငု
ငုစပ်ပင်
ငုပန်း
ငုရွှေဝါ

ငူ
အငူစွန်း
ငေးငူနေသည်
တောင်ငူမြို့
ငို
ငိုကြွေး
ငိုချင်းချ
ငိုကြီးချက်မ
ငိုယို
ငိုမြည်

ငုံး
ငုံးငုံးတို
ငုံးငှက်
ငုံးတိတိ
ငုံးမြက်ပင်

ငှား
ငှားရမ်း

ဌပနာတိုက်
ဌပနာသည်
ပဌမ = ပထမ

ဌာန်
ကမ္မဌာန်း
ကိုယ်သဏ္ဌာန်
ဌာန်ကရိုဏ်းကျ
ဌာန်ကုန်
ပုံသဏ္ဌာန်
ပြဌာန်း

ဌာ
ဌာနချုပ်
ဌာနစိတ်
ဌာနပိုင်မင်း
ဌာနမှူး
ဌာနန္တရ
ဌာပနာ
ရာထူးဌာနန္တရ
နေရာဌာန
ဌီ (ဥပါဒ်၊ ဌီ၊ ဘင်)
သူဌေး

ဋ္ဌ
ကုဋ္ဌနူနာ
ဆဋ္ဌမ
ဒိဋ္ဌ
အဋ္ဌကထာ
အဋ္ဌမ
အဋ္ဌာရသအတတ်
ဥက္ကဋ္ဌ
ရွှေမုဋ္ဌော

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Water poisoning ရေအဆိပ်သင့်ခြင်း

Colorectal cancer အူမကြီး ကင်ဆာ