ပုဇွန်ကင်ပွန်းချဉ်ရွက်ကြော်

ပါဝင်ပစ္စည်းများကတော့ ကင်ပွန်းချဉ်ရွက် ၃စည်း မျှင်ငါးပိထမင်းစားဇွန်း၁ဇွန်း ပုဇွန်ဘော့ချိတ် ၃၀သား ငရုတ်သီးစိမ်း ၅ကျပ်သား ကြက်သွန်နီ၂လုံးကြက်သွန်ဖြူ ၈မွှာ ဆီ ၅ကျပ်သား အချိုမှုန့်ဆားတို့လိုပါတယ် ပထမဆုံးဆီအိုးတည်ပါ ဆီပူလာရင် ကြက်သွန်ဖြူနီထောင်းထားတာထည့်ပါ နနွင်းထည့်ပါ ငရုတ်ပုဆီသပ်ထားတာထည့်မွှေပါ။ အစိမ်းနံ့ပျောက်သွားရင် ပုဇွန်ထည့်မွှေပါ ၁မိခန့်ကြာရင် ငရုတ်သီးစိမ်းကြိတ်ထားတာ ထည့်မွှေပါ ကင်ပွန်းချဉ်ရွက် နွှင်ထားတာထည့်မွှေပါ ငါးပိစိမ်းစားရေဖျော်ထည့်ပါ ငါးငံပြာရည်ထမင်းစားဇွန်းနဲ့တဇွန်းထည့်ပါ အပေါ့အငန်စိတ်ကြိုက်ထည့်ပါ ၂မိနစ်ခန့်ထားပေးပြီးရင်တော့ အရည်စပ်စပ်လေးနဲ့ ကင်ပွန်းချဉ်ရွက်ကြော်ချဉ်ချဉ်ငန်ငန်စပ်စပ်လေးကို ထမင်းပူပူလေးနဲ့ ထည့်ကျွေးလို့ရပါပြီ (KyiKyi Ppk)

တဇွန်းထည့်ပါ ရေးတာမှန်။ ကွန်ဂရက်ကျူလေးရှင်း။ စားကောင်းမည်။

ငရုတ်ပုလို့ ဟင်းတိုင်းလိုလိုမှာပါ၊ လူတိုင်းက ရေးနေကြတယ်။ ဘယ်လောက် အရပ်ပုသလဲ မသိ။ ပုံထဲကငရုတ်သီးကတော့ အမေရိကန် စံကိုက်အရပ်ပါဘဲ။

ကလားအော်သီးကြက်သွန်ဖြူထောင်း

ကလားအော်သီး ၅တောင့် ကြက်သွန်ဖြူ ၁၀မွှာတို့ကို လှော်ထားပါ ပုဇွန်ခြောက်မှုန့် ထမင်းစားဇွန်း ၁ဇွန်း သံပုရာသီး ၂လုံးအရည်ညှစ်ထားပါ ဆားနဲနဲ ငါးပိစိမ်းစားကင် ထမင်းစားဇွန်း ၁ဇွန်း ကြက်သွန်နီတလုံး ပါးပါးလှီးတို့ကိုရော ထောင်းထားပါတယ်ရှင့်။ (KyiKyi PpK)

ကြက်သွန်နီတလုံးရေးတာမှန်။ ကွန်ဂရက်ကျူလေးရှင်း။ စားကောင်းမည်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Water poisoning ရေအဆိပ်သင့်ခြင်း

Colorectal cancer အူမကြီး ကင်ဆာ