မြန်မာစာရယ် စိုးရိမ်မိတယ်

တက္ကသိုလ်ဘုန်းနိုင်ရဲ့ ညီမလေးရယ်စိုးရိမ်မိတယ် အပါအဝင် တခြားဝတ္ထုတွေကို ပြန်ရိုက်ပြီး တင်တာတွေ တွေ့တယ်။ သတ်ပုံတွေက မူရင်းအတိုင်း မဟုတ်ပါ။ မလုပ်ကောင်းပါ။ 

ညီမလေးရယ်စိုးရိမ်မိတယ် (၁၉၅၈) စာမျက်နှာ ၄၅
• မေရီနှင့် ပဂ္ဂ္ဂ္ဂီတို့မှာ တယောက်မျက်နှာ တယောက်ကြည့်၍ တိတ်တိတ်ပြုံးနေကြစဉ် အဆောင်မှူးသည် ဟောကြူတာဆရာမတဦးနှင့် ရပ်စကားပြောရင်း ဆက်လက်ဆိုမြည်နေ၏။
• သမီးတကောင် နွားတထောင်ဟု ဆိုရိုးရှိရာ တကောင်မကသော ဝမ်းမလွယ် သမီးတို့အား 
• တစတစ တတ်သိလိမ္မာလာကြသော်လည်း တယောက်ကောင်း နှစ်ယောက်ကောင်းဟူ၍

တက္ကသိုလ်ဘုန်းနိုင်စာအုပ်က နမူနာမျှသာဖြစ်တယ်။ အဲလို မလုပ်သင်တာကို လုပ်နေတာတွေ လက်ညှိုးထိုးမလွဲ။ ကိုယ့်ဝတ္ထုကိုတော့ ကိုယ်ထင်ရာ သတ်ပုံနဲ့ ရေးကြတာအတွက် ပြောရန်မရှိပါ။ တက္ကသိုလ်ဘုန်းနိုင် ရေးထားတဲ့အတိုင်း မဟုတ်ရင်တော့ တက္ကသိုလ်ဘုန်းနိုင်အမည် မထည့်ရပါ။ တစ်ကသို်လ်မောင်ဘုန်းပြင်၊ တစ်ကသိုလ်မလျှာရှည်လို့သာ ရေးသူအမည် ထည့်ရပါလိမ့်မယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Herpes labialis နှုတ်ခမ်းရေယုံ

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ