အိပ်၍မပျော်သောညတည

စန္ဒရားလှမြင့်ဝင်း - စန္ဒရားလှထွဋ်

အိပ်၍မပျော်သော ညတညသံသရာလည်

လေသာပြတင်းနံဘေးဝယ်

ဖွေရှာငေးမော ကြည့်နေစဉ်မယ်

တိမ်လွှာတွေလည်း မည်းမည်းမှောင်ရီခြယ်

အစွဲများ ခြောက်လှန့်နေသည်နယ်

အသည်းများ ထိတ်ထိတ်ပါတယ်ကွယ်

အိပ်မပျော်လေတိုင်း

ရှေးဖြစ်နောက်ကြောင်းများရယ်

တွေးတောမိတယ်

သူ့အတွက်ဝေဒနာ အဖြေလည်းရှာရန်မလွယ်

ပြန်လည်ကာ ဆန်းစစ်ကြစမြဲကွယ်

စိတ်မသက်သာဖွယ် သြော်နှိပ်စက်ကြသည်မို့လည်း

ဒိီလိုညများမှာ မတွေ့ပါရစေနဲ့ကွယ်

စေတနာတွေကြွယ်

ချစ်တယ် သို့သော်ငြားလည်းကွယ်

အတိတ်ရယ်အကျဉ်းသား ယွင်းမှားလို့

ကိုယ့်အားနှိပ်စက်နေသည်မို့ကွယ်

ရွှေအား ငယ်ငယ်

မှောင်နဲ့မဲမဲ ဘာမှမသဲကွဲသော

ညတညရဲ့ ဝိုးတဝါး

ညည့်လယ်အိမ်မက်ဆိုးများသာ ဖြစ်ပါစေကွယ်

စိတ္တဇညများ ကုန်ဆုံးလွန်မြောက်ပါစေကွယ်

Sleeping pills အိပ်ဆေး https://dr-tint-swe.blogspot.com/2020/12/sleeping-pills.html

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ် ယားခြင်း

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ