တနှစ်အတွင်းမှာ

မန်လည်ဆရာတော်သည် ၁၂ နှစ်သား အရွယ်က ကျောင်းမှာနေခဲ့သည်။

တနှစ်အတွင်းမှာ ပရိတ်ကြီးကို နှုတ်တက်ဆောင်ခဲ့သည်။

ထို့နောက် ဇာတ်ကြီးဆယ်ဘွဲ့မှ နေမိဇာတ်ကို သင်ကြားရာ မဃဒေဝမင်း တော်ထွက်ခြင်းအကြောင်းကို သဒ္ဓါမြူး ကြည်နူးခဲ့သည်။ (ဦးသော်ဇင်ရေးသားတဲ့ မဃဒေဝအဘိဓာန်)

မဃဒေဝလင်္ကာသစ်ကျမ်းကြီးကို ပြုစုခဲ့သည်။

မဃဒေဝအဘိဓာန်

ရှေးက စကားပုံရှိသည် -

လူမိုက်တသောင်း၊ ကဲ့ရဲ့ရှောင်းလည်း

လူကောင်းတယောက်၊ ခြီးမွမ်းပျောက်၏။

လူမိုက်တသောင်း၊ ခြီးမွမ်းရှောင်းလည်း

လူကောင်းတယောက်၊ ပြစ်တင်ကြောက်လော့။

သူသည် သူယုတ်တို့ ပြစ်တင်မှုကို လျစ်လှူရှုသော်လည်း သူကောင်းတယောက် ပြစ်တင်မှာကိုကား ကြောက်သည်။ စင်စစ်မှာမူ သူတော်ကောင်းတို့ အနေဖြင့်ကား အပြစ်မြင်ရန် ခက်သည်။ (မန်လည်ဆရာတော်)

ဒေါက်တာတင့်ဆွေ


Comments

Popular posts from this blog

Herpes labialis နှုတ်ခမ်းရေယုံ

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ