အူကျတာမှာ ၂ မျိုးရှိတယ်

(ကန်တော့)

ဆရာခင်ဗျား ကျနော် အသက် ၆၀နှစ် ၄ လရှိပါပြီ၊ taxi driver ပါ ကျနော်အူကျ ရောဂါခံစားနေရပါသည်၊ ဆီးခုံအထက်အစပ် ဘယ်ဖက်တွင် အမြှောင်းငယ်တခုလည်းပေါ်နေပါသည်၊ တခါတရံ ဆီးစပ်တလျောက်အောင့်ပါသည် ရေခဲကပ်ပါက မုတ္တရောဆီးစပ်ကအမြှောင်းပါပိန်သွားပြီး လမ်းလျှောက်ခြင်းကားမောင်းခြင်းပြုသောအခါ မုတ်ပြန်ဖေါင်းလာပါသည်၊ မည်ကဲ့သို့ကုသရမည် ဆောင်ရန်ရှောင်ရန်တို့ကိုသိလိုပါသဖြင့် ရိုသေလေးစားစွာမေးမြန်းပါသည်ခင်ဗျား၊ အစာအိမ်သွေးကြောပေါက်သည့်အခံရှိပါသဖြင့် kodecel  b1 propranol10 စွဲသောက်နေရပါသည်၊

Hydrocele မုတ်ရောဂါ https://dr-tint-swe.blogspot.com/2020/12/hydrocele.html

Hernia အူကျရောဂါ https://dr-tint-swe.blogspot.com/2021/01/hernia.html

ကျေးဇူးပါခင်ဗျာ ဆရာ ခွင့်ပြုပါ ကျနော် အူကျရောဂါကြောင့် ၂၆-၃-၂၂ နေ့မှာ အိမ်နီးနားကပုဂ္ဂလိကဆေးရုံကိုရောက်ပါတယ်၊ အရေးပေါ်ခွဲမှရမည်၊ သိန်းနှစ်ဆယ်ကျမည် မတတ်နိုင်ရင် သင်္ဃန်းကျွန်းစံပြဆေးရုံသွားပါ လွှဲစာရေးပေးမည် အမြန်ဆုံးသွားပါ အူကပြန်မတက်တော့ဘူး၊ ကြာလျှင်ပုပ်မည်ဆိုတော့ ဝေဒနာပြင်းထန်စွာခံစားနေရပေမည့် စံပြဆေးရုံကိုရောက်ခဲ့ပါတယ်၊ ဆေးရုံမှာက ဆရာဝန် သူနာပြုအင်အားနဲပါတယ် ပေါင်းငါးယောက်လောက်နဲ့ ဆေးရုံ လှ ့်ပတ်သွားနေကြတာတွေ့ခဲ့ရပါတယ် ကျနော်ရောက်သွားတဲ့အချိန်မှာ ဆရာဆရာမ တွေလာကြည့်ပြီး ရာဇဝင်မေးပါတယ်၊ လူနာကျွန်တော်ကလည်းကြိုးစားဖြေပေမည့် အဆင်ပြေချောမွေ့တဲ့အသံမျိုးတော့မဟုတ်ခဲ့ပါဘူး ကျနော်တို့ ဆွဲတင်ကြည့်မည်  မရရင်ခွဲမည်လို့ပြောပြီး ကုသမှုတွေပေးပါတယ်၊ အိပ်ဆေးထိုးပေးပါတယ်၊ နေ့လည်နှစ်နာရီလောက်မှာဆရာဝန်ရောက်လာပြီးနှိးမှနိုးပါတယ်၊ သက်သာသွားပြီ၊ အရေးပေါ်ခွဲစရာမလိုတော့ဘူး နောက်ထပ်အရေးကြီးမခွဲမဖြစ်လူနာနှစ်ယောက်ကို ခွဲပေးရဦးမည်ဆိုပြီး ထွက်သွားပါတယ် ဒါကတော့ မြန်မာနိုင်ငံကျန်းမာရေးကဏ္ဍနှင့်ကျနော့်ရဲ့ကျန်းမာရေးအခြေအနေပါ ခွင့်ပြုပါဆရာ ကျနော်သိချင်တာက ပုဂ္ဂလိကဆေးရုံက ပြောတာ အူလိမ်နေပြီ ပြန်မတက်ဘူး အမြန်ခွဲမှရမည် ကြာရင်အူပုပ်သွားမည် ပြည်သူ့ဆေးရုံရောက်တော့ အရေးမကြီးဘူး ရက်ချိန်းပေးပြီးခွဲရမည် ဆရာဝန်ဆရာမအင်အားမလုံလောက်ဘူး ဆရာဖြေပေးပါ ကျနော့ဝေဒနာ သက်သာပေမည့်အူပုပ်မှာတော့ကြောက်နေတယ်ဆရာ ဆေးရုံရက်ချိန်းက လာမည့်အင်္ဂါနေ့ပါဆရာ အင်္ဂါမရောက်မီ ထပ်ဖြစ်လာမှာလည်း ကြောက်နေပါတယ် ကျေးဇူးပါဆရာ

ဆောရီး။ လက်ရှိပြည်တွင်းက ကျန်းမာရေးစနစ်အခြေအနေကိုတော့ နည်းနည်းသာသိတယ်။

အူကျတာမှာ အချိန်ယူပြီး အေးအေးဆေးဆေးရက်ရွေးခွဲလို့ရတာနဲ့ အရေးပေါ်ခွဲစရာလိုတာလို့ ၂ မျိုးရှိတယ်။ ထွက်ကျလာတဲ့အူက အလိုလိုဖြစ်စေ တင်ပေး သွင်းပေးလို့ဖြစ်စေ အထဲပြန်ဝင်ရင် စောင့်နိုင်တယ်။ ဝင်လိုက်ထွက်လိုက်နဲ့ အူကျတာကို နှစ်ရှည်အထိ စောင့်နိုင်ပါတယ်။ တင်တာ သွင်းတာမှာလည်း လူနာကိုယ်တိုင်နည်းနဲ့ ဆရာဝန်က လူနာကို ခြေရင်းမြှင့်ထား၊ အအေးတင်ပေး၊ လိုအပ်ရင် အိပ်ဆေးပေးပြီး သွင်းနည်းရယ်လို့ရှိတယ်။ ပြန်ဝင်သွားရင် စောစောကရေးသလို ရက်ချိန်းနဲ့ ခွဲစိတ်နိုင်ပါတယ်။ ဒီနည်းနဲ့ နာရီပိုင်းအတွင်း အထဲမဝင်တာကိုသာ အရေးပေါ်ခွဲရတယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Herpes labialis နှုတ်ခမ်းရေယုံ

Daflon 500 mg လိပ်ခေါင်းဆေး

Herpes Simplex ရိုးရိုး ရေယုံ