ချိုတဲ့သရက်သီး


မိုး နှင့် သရက် အိုး နှင့်ကြွက်သို့ တိမ် နက်ရေတူ လေးမျိုးလူကို မှတ်ယူရိပ်မြွက် သိနိုင်ခက်၏။ (မန်လည်ဆရာတော်ကြီး မဃဒေဝ)

တောင်ကလာမှ မိုး၊ ဒေါင်ဒေါင်မြည်မှ အိုး။ သရက်သီးဆိုတာ ချိုမလိုလိုနဲ့ ချဉ်တတ်တယ်။ ကြွက်တွင်းကို ဘယ်ကစလို့ ဘယ်မှာဆုံး မသိနိုင်။

ခုခေတ်မြန်မာပြည်မှာတော့ ချိုတဲ့သရက်သီးကို ရွေးတတ်လာကြပြီ။ တခြားတိုင်းပြည်တွေမှာရတဲ့သရက်သီးတွေကတော့ မဃဒေဝလင်္ကာထဲကအတိုင်းပဲ။ 

ခုခေတ်မြန်မာပြည်မှာ လူကြွက်တွင်းတွေ ပိုများလာတယ်ထင်တယ်။ ရေအိုးကောင်းသုံးသူတော့ နည်းလာတယ် ထင်တယ်။ 

မိုးကောင်းပါစေသတည်း။ ချိုတဲ့သရက်သီး စိုက်ပျိုးစားသုံးနိုင်ကြပါစေသတည်း။ (တစ်)လုံးတွေ (တစ်)ငုံတွေနဲ့ ဝေးကြပါစေသတည်း။

ဒေါက်တာတင့်ဆွေ

၂၉-၄-၂၀၂၀

Comments

Popular posts from this blog

Herpes labialis နှုတ်ခမ်းရေယုံ

Daflon 500 mg လိပ်ခေါင်းဆေး

Herpes Simplex ရိုးရိုး ရေယုံ