ထိုတည

ထိုတညက လာဖမ်းကြ၏။

ထိုတညမှစ၍ ကိုယ့်အိမ်မှာ မနေရတော့။

ထိုတညမှစ၍ ကိုယ့်တိုင်းပြည်မှာ မနေရတော့။

ထိုတညမှစ၍ ဒုတိယနိုင်ငံသို့ရောက်ရှိ၏။

ထိုတညမှစ၍ တတိယနိုင်ငံသို့ရောက်ရှိ၏။

ထိုတညက လသာနေ၏။

ထိုတညက လမင်းကို တိမ်ဖုံးနေ၏။

ထိုတညတိုင်းမှာ အပြောင်းအလဲများစွာ ဖြစ်နေပါ၏။

လူတိုင်းမှာ ထိုတညများစွာ ရှိကြပေ၏။

လသည် နေ့တိုင်းမသာနိုင်သကဲ့သို့ လကိုအမြဲအစဉ် ဖုံးထား၍မရချေ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ် ယားခြင်း

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ