မျှစ်ထောင်း

တင်ထာတာတခုဖြစ်ပါတယ်။ 

(စ) မျှစ်ထောင်းလေး လုပ်စားတယ်။ လုပ်နည်းလေးပြောပြမယ်နော် စားချင်ရင်လုပ်စားရအောင်လို့  ပါဝင်ပစ္စည်း မျှစ် ချို  .၂၅သား ကြက်သွန်ဖြူ  ၂မွာ ငရုပ်သီးစိမ်း  ၅/၆/၇ အစပ်ကြိုက်သလောက်ထည့် ထန်းညှပ် ၂လုံး သံပုရာသီး ၁/၂(သေးရင် ၂လုံး/ကြီးရင် ၁လုံး) ကြက်သားမှုန့် ငံပြာရည် ပြုလုပ်နည်း - မျှစ်ကို အနေတော်လေးလှီးထားပြီးပန်ကန်ထဲထည့်ထားပါ ကြက်သွန်ဖြူ အရင်ထောင်း ပြီးရင် ငရုပ်သီးစိမ်း ထန်းညှပ် ထည့်ထောင်း ပြီးရင် သံပုရာသီး ကြက်သားမှုန့် ငံပြာရည် အရသာသင့်ရုံစပ်ပြီး လှီးပြီးသားမျှစ်ကိုထည့်ပါ တကယ်ထောင်းတာ မဟုတ်ဘဲ ဇွန်းနဲ့ ခပ်ဖွဖွလေး ထောင်းသလိုလုပ်ပြီး နှံ့ပြီဆိုရင် ရပါပြီ ခုဆိုရင်တော့ ချဉ်ချဉ်စပ်စပ် ဆီမပါပြားမပါ အရသာရှိရှိမျှစ်ထောင်းလေးရပါပြီရှင် ချစ်တို့လည်း လုပ်စားကြည့်နော်  (Nwenisoe) (ဆုံး)

ကျေးဇူး။ တကယ်ရေးတာ သတ်ပုံမှန်တယ်။ ဒါပေမဲ့ - 

တင်ထားတဲ့နည်းအတိုင်း လုပ်မစားဘူးပါ။ ကျွန်တော့်ဇာတိရွာမှာ မျှစ်နီပြုတ်ပြီးသား အချောင်းကို စူးနဲ့ အမျှင်လေးတွေလုပ်ပြီး ငရုတ်ဆုံထဲမှာ တကယ် (တကယ်) ထောင်းပါတယ်။ 

နှမ်းနဲ့ မြေပဲဆံ ထောင်းတာလည်း ပါတယ်။ 

အဲဒီခေတ်မှာ ကြက်သားမှုန့်လုပ်တဲ့ကြက်က မမွေးသေးပါ။ 

နှမ်းဆီ သို့မဟုတ် ပဲဆီစစ်စစ် သေချာပေါက်ပါတယ်။

ကလေးတွေပါ တအိမ်လုံးစားလို့ရအောင် အစပ်မထည့်ပါ။ 

သံပုရာသီးလည်း နည်းနည်းသာ။ အချဉ်များသွားရင် မျှစ်ချဉ်စားရသလိုနေမယ်။

ထန်းညှပ်က ဘာလဲ မသိ။ ထန်းလျက်ဆိုရင် လုံးဝမထည့်ပါ။

ထောင်းထားတာဖြစ်လို့ သွားမကောင်းတဲ့ အသက်ကြီးသူတွေလည်း စားလို့ရတယ်။

ဟင်းချက်ပြုတ်နည်းတွေထဲမှာ ထောင်းတယ်ဆိုတာက ပါတဲ့အမယ်အစုံရဲ့ အရသာတွေရောသွားပြီး အရသာထူးစေတယ်။ 

ကောင်းချက်ကတော့ ထောင်းချက်သလိုဘဲဆိုတာ အဲတာမျိုးပြောတာ။ 

မည်ကာမတ္တထောင်းရင် မည်ကာမတ္တသာကောင်းမယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Allergic skin အရေပြား အလာဂျီ

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ