ပီ ပြီ ပြီး

Puppy ပါပီ

1. ၂၅နစ်ပါ အိမ်ထောင်ရှိပါတယ် ဆရာ ကျမ ကလေးပျက်ကျ ထားလို့ သားအိမ်ထဲပစ္စည်းထည့်ထား ပါတယ်ဆရာ 2နစ်ကျော် ပါပီထည့်ထားတာ ရာသီကပုံမှန်လာပ်တယ် ဒီလမှာ ၂ဝရက်ကျော်မှ ထပ်လာပီး သွေးညစ်ညစ် တွေဆင်းလို့ပါ (ဘာကြောင့်လဲ မသိသေး။ ပါပီဆိုတာ ခွေးကလေး။)
2. 2နစ်ကျော် ပါပီထည့်ထားတာ ပစ္စည်းပါဆရာ သားအိမ်ထဲထည့် ထားတာပြောတာပါ
3. Share ပါပီ ဆရာ (ရှယ်ပါပြီလို့ ရေးရတယ်။ ပါပီ = ခွေးကလေး။)
4. ကျတော့်ကလေးက ၉လ ရှိပါပီ ဝမ်းသွားတာ ၅ရက်ရှိပါပီ အန်လည်း အန်ပါတယ် အန်တာတော့ ပြောက်ပါပီ ပီးတော့ ကလေးက နို့လည်း သိပ်မသောက်ဘူး ပိန်လာပီး ကလေးတွက် ဝမ်းသွားနေချိန်မှာ အားဆေး တခုခုတိုက်ချင်ရင် ဘာဆေးတိုက်ရမလဲဆရာ ကလေးက နို့သောက်တာလည်း အရမ်းနည်းသွားတယ် ပိန်လည်းပိန်နေပါပီ
5. ကျွန်းသားဖြင့်ပြုလုပ်ထားသော စားပွဲတင် ဝတ်ရွတ်ခေါက်ခုံလေးများရရှိပါပီရှင်
6. ကျေးဇူးပါဆရာ ကိုယ်ဝန်ရှိမရှိနဲ့ ဘာရောဂါဖစ်လဲ နီးစပ်ရာဆေးခန်းတေမှာပြလို့ရလား ဆရာ ဒီပြင့်ရောဂါတေကြောင့်ရော ရာသီနောက်ကျတက်ပါလားဆရာ
7. ဆရာ ကျတော့ကလေးက ၉လ ရှိပါပီ ဝမ်းသွားတာ ၅ရက်ရှိပါပီ အန်လည်း အန်ပါတယ် အန်တာတော့ ပြောက်ပါပီ ပီးတော့ ကလေးက နို့လည်း သိပ်မသောက်ဘူး ပိန်လာပီး ကလေးတွက် ဝမ်းသွားနေချိန်မှာ vitamin ဆေး သို့မဟုတ် အားဆေး တခုခုတိုက်ချင်ရင် ဘာဆေးတိုက်ရမလဲဆရာ ကလေးက နို့သောက်တာလည်း အရမ်းနည်းသွားတယ် ပိန်လည်းပိန်နေပာပီ (ရရစ်မပါတာ ၆ လုံးတိတိ။ ပါပြီလို့ရေးရ။ ပါပီ = ခွေးကလေး။)
8. ဆရာအသက် ၂၄ပါ မိန်ကလေးပါ အဖြူတေတအားဆင်းp ယားpးယောင်နေလို့ပါ အပျိုပါ ကျေးဇူးပြုပီးပြောပြပေးပါရှင်
9. မင်္ဂလာပါဆရာ ကျမအသက်က ၂၂ပါ ရာသီကျော်တာ ၂ပတ်ရှိပါပီ။ ဆီးစစ်ကျိတာ (တစ်) ကြောင်းပဲပေါ်ပါတယ် ရာသီမပေါ်ပဲ အဖြူတေပဲဆင်းနေပါတယ်ဆရာ  ကိုယ်ဝန်ရှိလို့လား ဘာလုပ်ရမလဲသိချင်လို့ပါ။ (ရာသီတပတ်နောက်ကျချိန်ထက်မစောပဲ ဆီးစစ်တာ မပေါ်သူမှာ ကိုယ်ဝန်မရှိ။ လိင်ကတဆင့်ကူးစက်ရောဂါလည်း စဉ်းစားရ။)
10. ရင်သားကင်ဆာအဆင့် ၁ပါဖြတ်ထုတ်လိုက်တာ နှစ်လကျော်ပီ အနာကျက်မှ အနာရွတ်ပေါ်ကနေ အရည်ပျော့လေးတေပြန်ဖစ်ပီးအနာပြန်ဖစ်လို့ဘယ်လိုဖစ်တာလဲဘာလုပ်ရမလဲသိတဲ့လူများပြောပြပေးပါရှင်
11. ရှယ်တကာ့ရှယ် အရောင်းရဆုံးမီနူးလေးတွေလာပါပီရှင်
12. ဟုတ် ကျေးဇူးပါ ဆရာ ဖတ် ပီးပါ ပီ (ပါပြီလို့ ရေးရပါတယ်။ ပါပီ = ခွေးကလေး။)
13. ဟုတ် ကျေးဇူးပါ ဆရာ ဖတ် ပီးပါ ပီ (ပါပြီလို့ ရေးရပါတယ်။ ပါပီဆိုရင် တမျိုးဖြစ်သွားပြီ။)

ပီ
စကားပီပီ (စကားပြီပြီ)
ပီနံသီး
ပီပီပြင်ပြင်
ပီလာ = ဧကန်မုချ
ပီလားကောင်
ပီလာကြိုး
ပီသ
ပီလောပင်
ပီလောပီနံပင်
ပီအောင်ဆို
မိန်းမပီပီ
ရဟန်းပီပီ
ခွေးကလေးပါပီ
ယောက်ျားပီပီ

ပြီ
ချစ်မိနေပြီ
ချမ်းသာပြီ
စကားပြီ
စားပြီးပြီ
တန်ပြီ
မွဲပြီ
မှန်ပြီ
များလေပြီ
ပြန်လာပြီ
ပြီးပါပြီ
ပြီတီတီ
ပြီပြီသသ
လာပါပြီ
သွားလေပြီ
ဟုတ်လှပြီ
အချိန်သင့်ပြီ
အဆင်သင့်ဖြစ်ပြီ
ကောင်းပြီ
တော်ပြီ
သေပြီ

ပီ ပြီ ပြီး
မှားရေးနေကြတာတွေ အတော်ကိုများတယ်။ ထပ်တိုးတင်ပြပါမယ်။
စတုဓမ္မသာရ (အရှင်မဟာရဋ္ဌသာရ)
ပိတ်ပင်မထားနိုင်ပြီတည်း 
သူတော်ပီသသည်၊ မင်းပီပီ။
ပီပီနှင့် ပြီသည် ကွဲပြားသောကြောင့် စပ်လေသည် ယူရမည်။
မတားနိုင်ပြီ၊ မတတ်နိုင်ပြီ။ ပတွင် ရရစ်ထည့်ရမည်။
ဟိတကာရီ
မင်းပေါင်းများစွာ ထွက်ပီစေသော။ မန္ဓာတ်မင်းဘုန်း ပြီးစေသော။ ပီစေသော၌ ကျင့်နွယ်သူတော် ပီပီတည်းနှင့် နည်းတူယူလေ။ မန္ဓာတ်မင်းဘုန်း ပြီးစေသော၌ ပြီသည် ပြီပြိုင်သည် ဆိုသောစကားဖြစ်သည်။ ပြီသည် ပြိုင်သည်ကို ပဌမအက္ခရာ ပတွင် ရရစ်၍ ရေးထုံးရှိသည်အတိုင်း ပီနှင့် ပြီကို ဖက်၍ စပ်လေသည်။
နဝရတ်ပျို့ (ပဒေသရာဇာ)
စဉ်လာ မင်းကျင့် ပီပီတည်း။ သူပျက် ထိုသူလျှင် ပြီတည်းဟု ပီနှင့် ပြီကို ဖက်၍ စပ်လေသည်မှာ ပီပီ၌ အထက်ပီပီနှင့် နည်းတူယူလေ။ သူပျက် ထိုသူပျက်လျှင် ပြီ၌ ဟုတ်ပြီ၊ မှန်ပြီ၊ ရောက်ပြီဆိုသကဲ့သို့သော စကားမျိုးတို့ကို ပတွင်ရရစ်၍ ရေးထုံးရှိသည်။
ဘူရိဒတ်လင်္ကာ
ပြည့်ရှင်မင်းကြီးပီပီတည်း။ငါလျှင် အိမ်ရှေ့မင်းပြီတည်းဟု ဖက်၍ချလေသည်ကား ဆ ိုခဲ့ပြီးသော ကျင့်နွယ်သူတော်ပီပီတည်း။ ပိတ်ပင် မတားနိုင်ပြီတည်း စသောစကားနှင့် နည်းတူယူလေ။
နဝဒေး
အသက်နှင့်သာ ချီသည်ရတုတွင် ကျွန်ုပ်မာ့်ဆီ၊ ရောက်တန်ပြီလျက်၊ ပီပီလာလာဟု စပ်လေသည်စကားကိုလည်း ကျင့်နွယ်သူတော်ပီပီတည်း။ ပိတ်ပင် မတားနိုင်ပြီတည်း စသောစကားနှင့် နည်းတူပင် ယူရမည်။

တဘဝပြီးပြီဆိုတဲ့ သံဝေဂရစရာပုံလေးနဲ့ စာသားက မှန်တယ်။ အခုတလော ရေးနေကြတာတွေက သူတို့ဖုန်းက စာရိုက်တဲ့ကီးဘုတ်မှာ ရရစ်မပါသလိုဘဲ။ 

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Water poisoning ရေအဆိပ်သင့်ခြင်း

Colorectal cancer အူမကြီး ကင်ဆာ