ပါဠိသက် စကားလုံးများ
ကဏ္ဍရေးချင်တာထင်တယ် ကဏ္ဌဆိုတာ ကဏ္ဌဇ ပဲရှိပုံရတယ်။
ကဏ္ဍ
ပုံသဏ္ဌာန်
သဒ္ဒဗေဒ
သဒ္ဒါကျမ်း
သဒ္ဒါရုံ
သဒ္ဓါတရား
သိဒ္ဓိတင်
ဘုန်းတော်ကြီးတပါးက ရေးပါတယ်။ ကျေးဇူးပါဘုရား။
(စ) ရှေးတုန်းက အခဏ်း အခုတော့ အခန်း။ ရှေးက သဘွယ်နဲ့ ယခု သဖွယ်။ တ နဲ့ တစ် ကတော့ ပြောစရာမလိုတော့။ အခဏ်းနဲ့ ပက်သက်လို့ ဦးဇင်း တွေးမိတာလေး အရင်ပြောပါရစေ။ အခဏ်းကို ပါဠိသက်ဝေါဟာရလို့ထင်ပါတယ်။ မြန်မာ မူရင်း အခန်း ရှိ မရှိတော့ အသေချာမသိပါဘူး။ ပါဠိသက်မှန်ရင်တော့ ဏ် ရှိသင့်တယ်လို့ ထင်ပါတယ်။ ပါဠိမှာ တနဲ့ ဋ၊ န နဲ့ ဏ တချို့နေရာမှာ ထူးပါတယ်။ ဥပမာ ကဏ္ဍ၊ ခဏ္ဍ-အပိုင်း၊ အခဏ်း၊ တဖြတ်ရပ်နားမှု။ ခန္ဓ-အစိတ်ပိုင်း၊ ခန္ဒ-ခန္ဒနတ်=ဗိဿနိုးနတ်။ ဝတ္ထ အဝတ်၊ ဝဋ္ဋ-လည်ပတ်ခြင်း၊ (ဝုဋ္ဌနဲ့ ဝုတ္ထ ကျတော့ တူပါတယ်) အဲဒါကြောင့် ပါဠိသက်လို့ ယူဆရင်တော့ အခဏ်းက မှန်မယ်ထင်ပါတယ်။ မြန်မာ ဝေါဟာရ စစ်စစ်ဆိုရင်တော့ မပြောတတ်ပါ။ သဘွယ် နဲ့ သဖွယ် တဘက်နဲ့ တဖက် အကြောင်းလည်း မသိပါ။ စာအုပ်က ရွှေဥဒေါင်းရဲ့ အိုင်ဗင်ဟို ကပါ။ (ဆုံး)
ဇာလီပျော်တဲ့ ကျောင်းသင်္ခမ်း၊ လူလေး သွားချင်စမ်း။ (ဇော်ဂျီ)
မြန်မာစာမှာသုံးနေတဲ့ မာဂဓဘာသာကို အခြေခံတဲ့ မြန်မာစာလုံးများကို ပါဠိသက် စကားလုံးများလို့ ခေါ်တယ်။
ကထိန - ကထိန်
ကမ္မ - ကံ
ကာယ - ကိုဝ် (ယ်)
ကန္န - ကန်ရာသီ
ဂဏန - ဂဏန်း
ဂဟ - ဂြိုဟ် (သကဋ)
ဂုဏ - ဂုဏ်
ဂန္ထ - ကျန်းဂန်
စက္က - စကြာ (သကဋ)
စာရိတ္တ - စာရိတ်
စျာန - စျာန်
ဇနပဒ - ဇနပုဒ်
ဇာတက - ဇာတ်
ဌာန - ဌာန်
တိရစ္ဆာန - တိရစ္ဆာန်
ဒါန - လှူဒါန်း
ဓာတု - ဓာတ်
နက္ခတ္တ - နက္ခတ်
နာမ - နံ
နိယာမ - နိယံ
ပံသုကူလ - ပင့်သကူ
ပဋ္ဌာန - ပဋ္ဌာန်း
ပဋိလောမ - ပဋိလုံ
ပဒ - ပုဒ်
ပဒ - ပုဒ်
ပရိသ - ပရိသတ်
ပါသာဒ - ပြသာဒ် (သကဋ)
ပုဂ္ဂလ - ပုဂ္ဂိုလ်
ပုထုဇန - ပုထုဇန်
ပုရောဟိတ - ပုရောဟိတ်
ပယောဂ - ပြယုတ် (သကဋ)
ဗလ - ဗိုလ်
မဂ္ဂ - မဂ်
မဟာသမတ - မဟာသမတ်
ရူးပ - ရုပ်
သံယောဇန် - သံယောဇန် (ဉ်)
သကဒါမိ - သကဒါဂမ်
သဏ္ဌာန - သဏ္ဌာန်
သုဝဏ္ဏ - သုဝဏ်
သုဝဏ္ဏသာမ - သုဝဏ္ဏသျှံ
ဟံသာဝတီ - ဟင်္သာဝတီ
အဓိပတိ - အဓိပ်
အနာဂိမိ - အနာဂါမ်
အပါယ - အပါယ်
အန္တရာယ - အန္တရာယ်
အနုလောမ - အနုလုံ
ဥဒါန - ဥဒါန်း
ဉာဏ - ဉာဏ် (န်)
ဂေါမုတ္တ - ဂေါမုတ်ကျောက်
စေတသိက - စေတသိက်
ပေတ - ပြိတ္တာ
လောကဓမ္မ - လောကဓံ
ပြာသာဒ်
ဘုရားလက်ထက်က မဇ္ဈိမဒေသဆိုတာ ယခု အိန္ဒိယနိုင်ငံ ဘီဟာနယ်ဖြစ်ပါတယ်။ သက္ကတိုင်း (ကပိလဝတ်)၊ မာဂဓတိုင်း (ဗိမ္ဗိသာရမင်း၊ ရာဇဂြိုဟ်မြို့ နှင့် ပါဋလိပုတ်မြို့)၊ ကောသလတိုင်း စတဲ့ တိုင်းကြီး ၁၆ တိုင်းရှိတယ်။ ဘာသာစကား ၃ မျိုး ရှိခဲ့တယ်။ သက္ကတ (ဆန်းစကရစ်၊ သင်္သကရိုက်)၊ ပြာကရိတ်ဘာသာ နဲ့ မာဂဓဘာသာတို့ ဖြစ်တယ်။ ဘုရားဟောတဲ့ ဗုဒ္ဓဝစနသီးသန့် တွေကို ပါဠိတော်လို့ ခေါ်ဆိုသတ်မှတ်ထားတယ်။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment