ဘာမုံ့ စားမလဲ


၁။ မုန့် နဲ့ မုံ့ ရဲ့ ကွာခြားပုံလေးကို ကျေးဇူးပြု၍ ခွဲခြားပြသပေးပါခင်ဗျ။ အများရေးတာတွေ့နေရတာကတော့ မုန့် လို့အများဆုံးတွေ့ရလို့ပါ။သိမှတ်စရာကောင်းနေပါတယ်ရှင်းပြပေးစေချင်ပါတယ်။

၂။ မုန့် လို့သာ သင်ခဲ့ရလို့ပါ ဆရာ

၃။ အခုမှ သိတယ် ဆရာ ကျေးဇူးပါ ဆရာ တသက်လုံး အမှား အမှန် ပြင်ရပြီ

၄။ ကျနော်လည်း မုန့် က အမှန်ထင်နေတာ မဟုတ်ဘူးလားဗျ။

၅။ မုန့်ဖက်ထုပ် ဘာဟာက အမှန်လဲ ဆရာ။

၆။ မုံ့ လား မုန့် လား။

၇။ မုံ့ဆိုတာ သတိမထားမိခဲ့ဘူး။ မုန့်မှတ်နေတာဆရာ

မြန်မာစာသတ်ပုံမှာ မုန့်လို့ မရှိခဲ့ပါ။ အစီအစဉ်မှာ မုံ - မုံ့ - မုံး - မုန် - မုန်း -မိုး - မိုရ် - မို့ - မိုး - မိုဃ်း လို့သာရှိတယ်။

ကဝိဓဇသတ်ပုံကျမ်းမှာ မုံ့ = စားသောမုံ့၊ မုံ့မျိုးစုံလို့ရေးတယ်။ ဧကန်သာတမုံ့၊ နေသည်တမုံ့၊ ပြုသည်တမုံ့တွေကတော့ အသုံးနည်းလာတဲ့စာလုံးတွေဖြစ်ပါတယ်။

နောက်ထုတ်သတ်ပုံစာအုပ်တွေမှာ မုန့် လို့သာတွေ့နိုင်ကြပါမယ်။ မြန်မာ့စွယ်စုံကျမ်းမှာ မုံ့ လို့သာသုံးပါတယ်။

မုံ့ဖက်ထုပ်၊ မုံ့ဆန်း၊ မုံ့စိမ်းပေါင်း၊ မုံ့လေပွေ၊ မုံ့ဗိုင်းတောင့်၊ ဘီးမုံ့၊ ပဲမုံ့၊ မုံ့ဖက်လိပ်၊ မုံ့ကြာလိပ်၊ မုံ့ကတော့၊ ငှက်ပျောမုံ့၊ ကောက်လန်းတီမုံ့၊ ထန်းသီးမုံ့၊ ကတတ်မုံ့၊ မုံ့ကတိုးဖွာ၊ မုံ့လုပ်ဆောင်း၊ မုံ့ကြာရိုး၊ ကျိူမုံ့၊ မုံ့ငါးကလေး၊ မုံ့လုံးကြီး၊ မုံ့လုံးရေပေါ်၊ မုံ့ပိန္နဲစေ့၊ အေးမုံ၊ လမုံ့၊ အထက်မီးအောက်မီးမုံ့၊ မုံ့ဆန်း၊ မုံ့ဆန်းမရွေး၊ မုံ့စလင်းထောင်ကြော်၊ မုံ့ဆီကြော်၊ မုံ့ချိုသွင်း၊ ပသျှူးမုံ့၊ ဒေါင်းဖန်ဝါမုံ့၊ ထိုးမုံ့၊ မုံ့ဟင်းခါး၊ မုံ့ကြွပ်၊ မုံ့ဝမ်းသာ။

ခုခေတ်မှာ လျှာရှည်ထားတဲ့ သတ်ပုံတွေ မနည်းလှပါ။ 

၂၀၁၈ ခုနှစ်ဒီလိုနေ့ ရန်ကုန်နေ သမီးအိမ်မှာ စားရတဲ့ မြန်မာ့စားစရာတွေ မုံ့တွေ။

ခုခေတ်မှာ မုံ့လို့ရေးရင် စားစရာလို့မထင်ကြ။ ရောင်းရမယ်မထင်။ ဝယ်သူအကြိုက်သာ လိုက်ရေးကြပေတော့။ ကျွန်တော်ကတော့ နသတ်ပြီးအောင် မစောင့်နိုင်၊ စားလိုက်တယ်။

ဒေါက်တာတင့်ဆွေ

၁-၅-၂၀၁၈

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Water poisoning ရေအဆိပ်သင့်ခြင်း

Colorectal cancer အူမကြီး ကင်ဆာ