သိပ် သိမ့်

၁။ အဖေကိုဆေးရုံပို့လိုက်ပါပြီးရှင် အဆုတ်ထဲကရေကသိမ့်မများလို ဆေးနဲ့ခန်းအောင်လုပ်ပေးမယ်တဲ့ အဲလိုဆေးနဲ့ခန်းအောင်လုပ်လိုရလာရှင့်မသိလိုပါ

ဆရာဝန်ကို မေးတာမဟုတ်ပါ။ စာပို့လိုက်မယ်။

Pleural effusion အဆုတ်အိတ်ထဲ အရည်အောင်းခြင်း https://dr-tint-swe.blogspot.com/2021/05/pleural-effusion.html

ခန်းရေးတာ မှန်။ ကွန်ဂရက်ကျူလေးရှင်း။ (သိပ်မများ) လို့ ရေးရတယ်။ (သိမ့်) ဆိုတာက အဓိပ္ပါယ်တမျိုးဖြစ်ပါတယ်။

၂။ သိတ်(သိပ်)သဘောကျလို့ တင်လိုက်ပါတယ် 

၃။ သိတ်(သိပ်)ကိုမျှော်လင့်ထားတာ စသဖြင့်ရေးတဲ့စာတခုတွေ့တယ်။ သိပ်ကိုလို့သာ ရေးသင့်တယ်။ သိတ်ဆိုတာ ကျွန်တော် သိသလောက် မြန်မာစာမှာမရှိပါ။

၄။ နောက်ပိုင်းထုတ်တဲ့ စာအုပ်တွေ ကျမတို့က သိတ်(သိပ်) မဖတ်ဖြစ်တော့ပါ။

၅။ သိပ် နဲ့ သိတ် ဘယ်ဟာ အမှန်။

၆။ သိတ်(သိပ်) ကြိုက်တဲ့သီချင်းပေါ့ဆရာရယ်။

သိပ်

ဖိသိပ်ထားသည်၊

သိပ်သိပ်သည်းသည်း၊

ကလေးသိပ်နေသည်၊

သိုသိုသိပ်သိပ်၊

ဝင်သွားအောင် ဖိသိပ်ပါ၊

ဆာလောင်မွတ်သိပ်နေသည်၊

သိပ္ပံဘာသာရပ်၊

ငပိသိပ်၊ ငချဉ်သိပ်၊ (ရှမ်းတွေက ဝါးလုံးခေါင်းထဲမှာ ငချဉ်သိပ်ကြတယ်။)

မပြောဘဲ မျိုသိပ်ထားရတယ်။

သိပ်ဆိုးတဲ့ကောင်၊

သိပ္ပံပညာ။

သိပ်သည်းဆ ဘယ်လောက်ရှိသလဲ။

သိပ်ကောင်းတဲ့စာအုပ်။

တသိမ့်သိမ့်သူ (စိုးစန္ဒာထွန်း) https://www.youtube.com/watch?v=8E3dP8Z4qCA 

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Herpes labialis နှုတ်ခမ်းရေယုံ

Daflon 500 mg လိပ်ခေါင်းဆေး

Herpes Simplex ရိုးရိုး ရေယုံ