Glutamine ဆေး

၁။ လက်ရှိဒီဆေးသောက်နေရတဲ့လူရှိရင် ဘာကင်ဆာအတွက်သောက်နေရတာလည်း တစ်ချက် (တချက်)ပြောပြီး လိုအပ်သူများအလှုခံလို့ရပါတယ်ရှင့် တစ်ယောက်တစ်ဗူး (တယောက်တဗူး)၂ ဗူးရှိပါတယ်ရှင့် USA made ပါ

၂။ ဆရာရှင့် Ox bile 500mg, digestive enzymes, betaine hcl pepsin, probiotic 30 billion, L glutamine 500mg အဲ့ဒီဆေးတွေရဲ့ benefit ကိုသိချင်တာပါရှင့် ဆေးတွေမှာ ဘာအာနိသင်တွေပါလည်း ကောင်းကျိုး ဆိုးကျိုးကို သိချင်တာပါရှင့် အသက် ၂၆ အမျိုးသမီး အိမ်ထောင်မရှိ ဝမ်းမှန်ပါတယ် ရာသီလည်းမှန်ပါတယ် နာတာရှည်လေနာရှိ Facebook ပေါ်မှာအဲ့ဒီဆေးတွေကလေနာ ပျောက်ကင်းတယ်လို့ဖတ်ရလို့ရှင့် Side effects ဖြစ်မှာလည်းကြောက်လို့ပါရှင့် Calcium ဆို အရိုးတွေကိုသန်မာစေတယ် အဲ့ဒီလိုပုံစံမျိုး ဒီဆေးတွေကျ ဘယ်လိုအကျိုးအာနိသင်ရှိလဲဆိုတာကို သိချင်တာပါရှင့်

Glutamine ဆေးဟာ ကြော်ငြာဆေးလို့ပြောရင်လည်းရတယ်။ ပရိုတင်းဓါတ်အတွက်လို့ ဆိုပါတယ်။ ကိုယ်လက်လှုပ်ရှား အားကစားလုပ်ပြီး သောက်ကြတယ်။ 

လေ့လာမှုတွေအရ ဒီဆေးသောက်ရင် ကိုယ်အလေးချိန်တိုးတယ်။ ကြွက်သားကို တိုးစေတယ်။ အဆီကို သက်ရောက်မှုမရှိပါ။ 

L-glutamine supplement ဖြည့်စွက်စာဆေးက လူကိုတော့ အန္တရာယ် မပေးပါ။ လူတိုင်းနဲ့တော့ မစသင့်ပါ။ ကျောက်ကပ်နဲ့ အသည်းအလုပ်မကောင်းသူတွေ မသင့်။ 

ဘေးထွက်သက်ရောက်မှုများ - ဆီးထဲသွေးပါ၊ အရေပြားအရောင်ပြောင်း၊ ခြေလက်အေး၊ နှလုံးခုန်မြန်၊ ဆီးသွားရင်အောင့်၊ ခေါင်းထဲပေါ့နေ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Allergic skin အရေပြား အလာဂျီ

Colorectal cancer အူမကြီး ကင်ဆာ

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ