International Day of the Midwife နိုင်ငံတကာ သားဖွါးဆရာမများနေ့

နှစ်စဉ် မေလ (၅) နေ့ကို နိုင်ငံတကာသားဖွါး (ဝမ်းဆွဲ) ဆရာမများနေ့လို့ သတ်မှတ်ထားပါတယ်။ ၂၀၁၆ ခုနှစ်အတွက် ဆောင်ပုဒ်ကတော့ Women and Newborns: The Heart of Midwifery အမျိုးသမီးများနဲ့ မွေးစကလေး - သားဖွါးဆရာမများရဲ့အသည်းနှလုံး ဖြစ်ပါတယ်။ ၂၀၁၅ အတွက် ဆောင်ပုဒ်ကတော့ The World Needs Midwives Today More Than Ever ကမ္ဘာကြီးက သားဖွါးဆရာမတွေကို အရင်ကထက်ပိုပြီး လိုအပ်နေတယ်လို့ဖြစ်တယ်။ 

ဒီလိုနေ့ရက်သတ်မှတ်ကျင်းပရတဲ့ အယူအဆသစ်ကို ၁၉၈၇ နယ်သာလင်မှာကျင်းပတဲ့ နိုင်ငံတကာ သားဖွါးဆရာမများ ကွန်ဖက်ဒရေးရှင်းကနေစတင်ခဲ့တာပါ။ ၅-၅-၁၉၉၁ နေ့ကစတင်ကျင်းပလာခဲ့ပြီး၊ အခုဆိုရင် နိုင်ငံပေါင်း (၅၀) ကျော်မှာ ကျင်းပကြပါတယ်။

ကျင်းပပုံနည်းလမ်းတွေ အမျိုးမျိုးကိုအကြံပေးထားပြီး ဆိုင်ရာနေရာဒေသနဲ့ကိုက်ညီမှာကို ရွေးလုပ်ဆောင်ကြဘို့၊ တေးဂီတပြိုင်ပွဲ၊ ကာရာအိုကေဆိုပွဲ၊ စီတန်းလမ်းလျှောက်ပွဲ၊ ပြေးပွဲ၊ ဆိုင်ခန်း-ပြခန်းတွေ ဖွင့်ခြင်း၊ အခမ်းအနား-အစည်းအဝေးနဲ့ ဟောပြာပွဲတွေကျင်းပခြင်း၊ အစိုးရပိုင်နဲ့ အစိုးရမဟုတ်တဲ့ အသင်းအဖွဲ့တွေကို ဖိတ်ကြားခြင်း စတာတွေဖြစ်ပါတယ်။ မီဒီယာကိုအသုံးပြုဘို့လည်း အကြံပေးထားပါတယ်။ ဖေ့စ်ဘွတ်တို့ တွစ်တာတို့စတဲ့ လူမှုကွန်ရက်တွေကိုလည်း အသုံးပြုပြီး အသိပညာနဲ့ အသိမိတ်ဆွေတိုးကြဘို့လည်းပါတယ်။

ဒီနေ့မှာ သားဖွါးဆရာမတွေရဲ့အခန်းကဏ္ဍကို လူအများသိကြအောင် အထူးပြုလုပ်ကြပါတယ်။ သားဖွါးဆရာမ တဦးချင်း အနေနဲ့လည်း တခြားအသက်မွေးလုပ်နေကြသူတွေကို ပိုပြီးနားလည်စေအောင် လုပ်ကြဘို့လည်းပါတယ်။ သူတို့ လုပ်နေတာတွေကိုလည်း သူများတွေကသိကြအောင် လုပ်ကြပါတယ်။ 

ဒေါက်တာတင့်ဆွေ

၃၀-၄-၂၀၁၅

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Water poisoning ရေအဆိပ်သင့်ခြင်း

Colorectal cancer အူမကြီး ကင်ဆာ