Leg Edema ခြေထောက်နဲ့ခြေချင်း၀တ်ဖောရောင်တာဟာဒီရောဂါတွေရဲ့ရှေ့ပြေးလက္ခဏာဖြစ်နိုင်
ခြေထောက်နဲ့ ခြေချင်း၀တ် ဖောရောင်တာမျိုးကို ကြုံဖူးကြမှာပါ။ တခါတလေ ထိုင်တာ အရမ်းများတာ ဥပမာ ကားစီး တာ၊ လေယာဉ်စီးတာ အရမ်းကြာသွားတဲ့ အခါမျိုးတွေမှာ ခြေထောက်က သွေးကျတာများပြီး ဖောရောင်တာမျိုး လည်းရှိတတ်ပါတယ်။ အဲ့ဒီလိုမှ မဟုတ်ပဲ ထူးထူးခြားခြား ဘာအကြောင်းရယ်မှ မရှိပဲနဲ့ ခြေထောက်နဲ့ ခြေချင်း၀တ် ဖာရောင်နေပြီဆိုရင်တော့ လုံး၀မပေါ့ဆလိုက်ပါနဲ့။ ဒါဟာ အောက်မှာ ဖော်ပြထားတဲ့ ရောဂါတွေရဲ့ ရှေ့ပြေးလက္ခ ဏာတွေ ဖြစ်နိုင်ပါတယ်။
(၁) သွေးကြော တွေ ပိတ်ဆို့ နေတာ
ခြေထောက်နဲ့ ခြေချင်း၀တ်အရမ်းဖောရောင်နေပြီဆိုရင်တော့ ဒါဟာ သင့်ရဲ့ ခန္ဓာကိုယ်မှာရှိတဲ့ သွေးကြောလေးတွေ ပိတ်ဆို့ နေတာကိုပြနေတဲ့ ရောဂါလက္ခဏာ ဖြစ်နိုင်ပါတယ်။ သွေးကြောတွေ ပိတ်ပြီး ခြေထောက်ကို သွေးမဆင်းတော့ ဖောရောင်လာတာပါ။ အသက်ရလာတာနဲ့အမျှ အဆို့ရှင်တွေဟာ အလုပ်လုပ်တာ တဖြည်းဖြည်းနှေးကွေး လာတတ်ပါတယ်။ ခြေထောက်မှာ သွေးတွေကို သွားစုနေတာဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ သွေးကြောပိတ်တာဟာ ခြေထောက် ဖောရောင်ရတဲ့ အကြောင်းအရင်းတွေထဲက တခုပါ။ ခြေထောက်ကနေ နှလုံးဆီကို သွားမယ့် သွေး တွေကို သွေးခဲတွေက ပိတ်မိသွားတာပါ။ခြေထောက်မှာ အရည်တွေအဖြစ် သွားစုနေတာပါ။ ကုသမှု အချိန်မီ မလုပ်ရင် အသက်အန္တရာယ်ကြုံနိုင်တဲ့အထိ အရမ်းကို အန္တရာယ်များပါတယ်။
(၂) နှလုံးပုံမှန်မဟုတ်တာ
ဒါဟာ နှလုံးက ပုံမှန်အလုပ်မလုပ်တာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ နှလုံးရဲ့ ပါဝါက အားနည်းလာပြီဆိုရင် ခြေထောက်ကနေ ခန္ဓာကိုယ်အပေါ်ပိုင်ကို သွေးတွေ အလုံအလောက်ရောက်အောင် မလုပ်ပေးနိုင်တော့တဲ့အတွက် ခြေထောက်ရောင်လာတာပါ။ နှလုံးအဆို့ရှင်တွေရဲ့ ယိုပေါက်ကလည်း နှလုံးကောင်းကောင်း မလုပ်မလုပ်နိုင်တဲ့ အကြောင်းအရင်း ဖြစ်နိုင်ပါတယ်။ ခြေထောက်ဖောတာရောင်တာ အပြင် ရင်ဘတ်ပါ နာလာ၊ အောင့်လာတာ၊ ပင်ပန်းနွမ်းနယ်တာ၊ အသက်ရှုမ၀တာ အစရှိတဲ့ ရောဂါလက္ခဏာတွေပါ ခံစားနေရပြီဆိုရင်တော့ သင့်ရဲ့ နှလုံးက ကောင်းကောင်း အလုပ်မလုပ်တော့ပဲ နှလုံးရောဂါလက္ခဏာလို့ ပြောလို့ရပါတယ်။
(၃) ကျောက်ကပ်ရောဂါ
နောက်ထပ်ဖြစ်နိုင်ချေရှိတဲ့ ရောဂါတမျိုးကတော့ ကျောက်ကပ်ရောဂါပါ။ ကျောက်ကပ်က ခန္ဓာကိုယ်ထဲမှာ ပိုနေတဲ့ အရည်တွေကို ဖယ်ရှားရှင်းလင်းပေးတာပါ။ ဒါပေမယ့် ကောင်းကောင်းအလုပ်အလုပ်တော့တဲ့ အခါမှာတော့ ခန္ဓာကိုယ်ထဲမှာ အရည်ပိုတွေ နဲ့ sodium stagnate တို့က စုပုံလာပြီး အဲ့ဒီလို ဖြစ်လာတဲ့ အခါ နောက်ဆက်တွဲ အနေနဲ့ ဖောရောင်လာတာပါ။ စွန့်ပစ်စနစ်ကို ပျက်စီးစေတဲ့ ဆီးလမ်းကြောင်းမှာ infection ၀င်တာတွေကြောင့်လည်း ဖြစ်နိုင်ပါ တယ်။ ကျောက်ကပ်က ကောင်းကောင်းမလုပ်မလုပ်တော့ရင် ခြေထောက်နဲ့ မျက်လုံးတဝိုက်မှာ ဖောရောင်တာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။
(၄) အသည်း မကောင်းတာ
နောက်ထပ် ဖြစ်နိုင်ချေကတော့ အသည်းက ကောင်းကောင်းအလုပ်မလုပ်တာပါ။ အသည်းကနေ albumin ဆိုတဲ့ ပရိုတင်းကို ထုတ်ပေးပါတယ်။ အဲ့ဒီပရိုတင်းက သွေးကြောထဲက အရည်တွေကို ထိန်းထားပေးပါတယ်။ အသည်း ရောဂါတချို့ဟာ သွေးထဲမှာရှိတဲ့ albumin ပမာဏကို လျော့ကျသွားစေပါတယ်။အဲ့ဒီ အရည်တွေက သွေးကြောကနေ ခန္ဓာကိုယ်ရဲ့ တစ်ရှူးတွေဆီကို သွားတာပါ။ ဒါကြောင့် ခြေထောက်နဲ့ ခြေချင်း၀တ်ဖောရောင်တာဟာ အသည်းကြောင့် လည်း ဖြစ်နိုင်ပါတယ်။
(၅) Lymphatic system(လင့်သွေးဖြူကြော)
သွေးကြောတွေနဲ့အတူ၊ သွေးဖြူကြောတွေက အောက်စီဂျင်နဲ့ အာဟာရတွေကို တစ်ရှူး ဆီကို ပို့ ပေးကာ၊ ကိုယ်တွင်းအင်္ဂါတွေက CO2 (Carbon dioxide)နဲ့ မလိုတဲ့ အရာတွေကို ဖယ်ရှားပေးပါတယ်။ lymphatic vessels တွေက ပိတ်ဆို့ နေပြီဆိုရင်တော့ အဲ့ဒီ စွန့်ထုတ်တဲ့ စနစ်က ကောင်းကောင်း အလုပ် မလုပ်နိုင်တော့ပါဘူး။ အဲ့ဒီ လို ဆိုရင်တော့ ပုံမှန်မဟုတ်ပဲ ဖြစ်ပေါ်လာတဲ့ အရည်တွေ (lymphedema) ဖြစ်ပေါ်လာနိုင်ပါတယ်။ Lymphedema ကတော့ infections၊ခွဲစိတ်မှု၊ အကြိတ်၊ ဓါတ်ရောင်ခြည်၊ ကင်ဆာကုသမှုနဲ့ တခြားအကြောင်းတွေကြောင့်လည်း ဖြစ် ပေါ်တတ်ပါတယ်။
(၆) ဆေးနဲ့ မတည့်တာ
နောက်တခုကတော့ ဆေးနဲ့ မတည့်တာပါ။ တကယ်လို့ များ သင်က ဆေးကုသမှုတခုခုကို ခံယူနေတဲ့ သူမျိုးဆိုရင်တော့ သင်မှီဝဲနေတဲ့ ဆေးဝါးနဲ့မတည့်တာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဥပမာ အရောင်ကျစေတဲ့ ဆေးဝါး၊ အသက်ရှုလမ်းကြောင်းဆိုင်ရာ အစိတ်အပိုင်းတွေကို အရောင်ကျစေတဲ့ဆေး အစရှိတဲ့ ဆေးတွေပါ။
(၇) တခြားအကြောင်းအရင်းများ
တခြားအကြောင်းအရင်းတွေကတော့ စီးနေတဲ့ ဖိနပ်နဲ့ အဆင်မပြေတာ၊ အချိန်အကြာကြီး မတ်တပ်(မတ်တတ်)ရပ်ရတာ အစရှိတာတွေ ကြောင့်လည်း ဖြစ်နိုင်ပါတယ်။အဲ့ဒီလို ဖြစ်လာရင်တော့ ခြေထောက်ကို အနားပေးလိုက်တာ အကောင်းဆုံးပါ။ ခြေထောက်ကို သက်သောင့်သက်သာဖြစ်အောင် ထားတာမျိုး(သို့) ခြေထောက်ကို အပေါ် မြှောက်ပေးတာမျိုးလုပ်ပါ။ (Source Brightside Tin Htun Aung)
(တစ်) ၇ လုံးကိုတော့ ပြင်လိုက်ပါတယ်။ ဆောရီး + ကျေးဇူး။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment