Menopause ဆေးညွှန်းမှာ ထောက်ပြစရာ အများကြီးပါနေတယ်

(ကန်တော့)
တင်ထားတာတခု အစကနေ အဆုံးထိဖတ်တယ်။ သတ်ပုံတွေ မှန်တယ်။ ကွန်ဂရက်ကျူလေးရှင်း။ အချက်အလက်တွေလည်း မှန်ပါတယ်။ 
အမျိုးသမီးများ သွေးဆုံးလျှင် ဒါတွေ သောက်ပါမယ် -
၁။ ဗီတာမင် သတ္တုဓာတ် အများကြီးပါတဲ့ ပန်းသီးရှာလကာရည်၊ အရိုးပြုတ်ရည် အရွက်စိမ်းကြိတ်ရည် သောက်မယ်
၂။ Natural Estrogen တနေ့ တလုံး သောက်မယ်
၃။ D3 5000iu+K2 100mcg
၄။ Probiotic 30 billion
၅။ Magnesium malate (or) citrate 400mg
၆။ Zinc 30mg
၇။ Cod Liver Oil (or) fish oil နဲ့ ဆနွင်း
၈။ DHEA 25mg
၉။ Coq10 100mg
၁၀။ Complete B Complex
၁၁။ Unique E 400mg
၁၂။ Vitamin C (non acid) 500mg
၁၃။ သိုင်းရွိုက်ဟော်မုန်း နည်းတဲ့ လက္ခဏာ ရှိပါက Metabolic Advantage (or) Thyroid Glandular သောက်မယ်။ ဆေး(၁၃)မျိုး။
ဆေးညွှန်းမှာ ထောက်ပြစရာ အများကြီးပါနေတယ်။ ဆောရီး။ အီစထိုဂျင် ဟော်မုန်းစားဆေးက အတော်ကို သတိထားရတယ်။ စမ်းသပ်ကုသပေးနေတဲ့ အိုဂျီက ညွှန်မှသာ သင့်တယ်။ စားဆေးမဟုတ်တဲ့ လိမ်းဆေးနဲ့ သဘာဝ အီစထိုဂျင်တွေရှိတယ်။ ဗီတာမင်တွေ ဓါတ်ဆားတွေကလည်း အဲလောက် မလိုအပ်ပါ။ ကယ်လ်စီယမ်ကတော့ လိုတယ်။ ပရိုဘိုင်အောတစ်ဆိုတာ ဝမ်းအတွက်သာ ဖြစ်တယ်။ ဗီတာမင်စီ များလွန်းရင် မကောင်းပါ။ အီး၊ ငါးကြီးဆီနဲ့ ဇင့်လည်း လိုတဲ့သူသူ လိုတယ်။ ဗီတာမင်အေ များရင် မကောင်းပါ။ ဗီတာမင်ဒီကလည်း လူတိုင်းမလို။ 
စာထဲမှာ မပါတဲ့ သတိထားစရာတွေလည်းရှိတယ်။ သွေးဆုံးအရွယ်မှာ သွေးတိုးနဲ့ ဆီးချို စစ်ရမယ်။ ရှိရင် ဆေးနဲ့ အစားအသောက် လိုပြီ။ ဆေးစာရင်းပါ ၁၃ မျိုးလုံး တခုမှ မလိုသူတွေလည်း ရှိတယ်။ မပါတာကို လိုသူတွေလည်း ရှိတယ်။ ဆေးလိုရင်လည်း အရည်အသွေးကောင်းတဲ့ဆေးသာ သောက်ရမယ်။ ကြော်ငြာကောင်းတိုင်း ဆေးကောင်းချင်မှ ကောင်းမယ်။
Menopause (1) သွေးမဆုံးခင်နဲ့ သွေးဆုံးရင် ဖြစ်ချင်တာတွေ (၁) https://dr-tint-swe.blogspot.com/2020/12/menopause-1.html
Menopause (2) သွေးမဆုံးခင်နဲ့ သွေးဆုံးရင် ဖြစ်ချင်တာတွေ (၂) https://dr-tint-swe.blogspot.com/2023/01/menopause-2.html
Estrogen အီစထိုဂျင် ဟော်မုန်း https://dr-tint-swe.blogspot.com/2021/05/estrogen.html
Femoston သွေးဆုံးသူများအတွက်ဆေး https://dr-tint-swe.blogspot.com/2021/01/femoston.html
ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ

Allergic skin အရေပြား အလာဂျီ