Popliteal Cyst ဒူးထဲက အရည်အိတ်

မိတ်ဆွေများခင်ဗျာ ဒူးခေါင်းအောက်ဘက်အကွေးအဆန့်နေရာမှာ Popliteal cyst ခေါ်တဲ့အရည်အိတ်ဖြစ်တဲ့ရောဂါနဲ့ပတ်သက်ပြီးလမ်းညွှန်မှုပေးစေချင်ပါတယ်ကူညီတောင်းရခြင်းပါခင်ဗျ

ဆရာဝန်ကို မေးတာတော့ မဟုတ်ပါ။

Baker's cyst လို့လည်း ခေါ်တယ်။ ဒူးကောက်ကွေးထဲမှာ အရည်အောင်းနေတဲ့အိတ်ဖြစ်တာ။ အကွေးအဆန့် လုပ်တိုင်း နာမယ်။ ဖြစ်စမှာ မနာသေးဘူး။ လက်နဲ့စမ်းရင်ရနိုင်တယ်။ ပေါက်ထွက်တယ်ဆိုတာ အလွန်ရှားပါတယ်။

Ultrasound အာထွာဆောင်း

X-ray ဓါတ်မှန်နဲ့

Magnetic resonance imaging (MRI) ရိုက်ရင် သေချာသိမယ်။

Arthritis အဆစ်ရောင်တာ သို့မဟုတ် cartilage tear အရိုးနုစုတ်ပြဲတာကနေ ဆက်ဖြစ်တယ်။ 

ဖြစ်စေတဲ့အကြောင်းခံကို ကုသရပါမယ်။

တချို့ အလိုလိုပျောက်တယ်။ လိုတဲ့သူ ဆေးကုသမှုခံယူရမယ်။

corticosteroid (cortisone) ဒူးနေရာကို ဆေးထိုးခြင်း။ ယာယီရောင်တာ နာတာ သက်သာစေမယ်။

Fluid drainage အရည်စုပ်ထုတ်ခြင်း။

Physical therapy ဖစ်ဇီကယ်သာရာပီနည်းကုသခြင်း

Icing ရေခဲတင်ပေးခြင်း။

Surgical intervention ခွဲစိတ်ရတာ ရှားပါတယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ